DVB Logo
Home
မြန်မာသတင်း
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု မြို့နယ်တရားရုံး ပလပ်
DVB
·
July 2, 2019
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု မြို့နယ်တရားရုံး ပလပ်
Donate to DVB

ဦးဝီရသူကို ပါရာဇိကကျနေတယ်လို့ ရေးခဲ့တယ်ဆိုပြီး ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံခဲ့ရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းအမှုကို မန္တလေး၊ မဟာအောင်မြေမြို့နယ်တရားရုံးကနေ ဒီနေ့ ပလပ်လိုက်ပါတယ်။

ဒီကနေ့ သူရင်ဆိုင်နေရတဲ့အမှုနဲ့ ပတ်သက်ပြီး ကိုဆွေဝင်းက “ထူးခြားမှုတော့ မရှိပါဘူး။ တရားရုံးက ဥပဒေအတိုင်း လုပ်ဆောင်သွားတာဖြစ်ပါတယ်။ လက်ရှိ တရားရေးအနေနဲ့ စစ်အစိုးရလက်ထက်ကစာရင် အတိုင်းအတာတခုအထိ သာလွန်လာ တယ်” လို့ ပြောပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ဦးဝီရသူ ပါရာဇိက ကျနေပြီ ဖြစ်တယ်လို့ မန္တလေးက ဆရာတော်တပါးက ပြောတဲ့စကားကို ကိုးကားရေးပြီး သတင်းကို သူရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။

ကိုဆွေဝင်းရဲ့ ရှေ့နေကတော့ တရားလိုဟာ စွဲဆိုထားတဲ့ပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတာကို သက်သေပြဖို့ပျက်ကွက်ခဲ့တာကြောင့် ရုံးတော်က ပယ်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

မြို့နယ်တရားရုံးက အမှုကို ပလပ်လိုက်ပေမယ့် ခရိုင်၊ တိုင်းနဲ့ ဗဟိုအထိ အယူခံ ဆက်တက်သွားမယ်လို့ တရားလိုဖြစ်တဲ့ အမျိုးသားရေးလှုပ်ရှားသူ ကိုကျော်မျိုးရွှေက ပြောပါတယ်။

“ဒီအမှုကို မဟာအောင်မြေမြို့နယ်တရားရုံးက ပလပ်လိုက်တာဟာ အနိုင်မဟုတ်သေးဘူး မြို့နယ်ကပယ်ရင် ခရိုင်တက်မယ်။ ခရိုင်ကပယ်ရင် တိုင်းတက်မယ်။ တိုင်းကပယ်ရင် နေပြည်တော်အထိတက်မယ်။ ဥပဒေအတိုင်း အဆင့်သွားမယ်”

ဒီအမှုမှာ တရားလိုပြသက်သေ ၁၃ ယောက်ရှိပြီး ၂ ယောက်ကတော့ ဖယ်ရှားခံခဲ့ရသလို နောက်သက်သေတယောက်ဖြစ်တဲ့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်ကတော့ သက်သေ အဖြစ်က ပယ်ဖျက်ဖို့ တင်ပြထားခဲ့ပါတယ်။

နောက် သက်သေ ၃ တွေထဲမှာ ဦးဝီရသူက တိမ်းရှောင်နေသလို ရဲအုပ် ကျော်သူကတော့ အဂတိအမှုနဲ့ တရားစွဲခံထားရပါတယ်။

ဦးဝီရသူရဲ့မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ဝင် ဦးကျော်မျိုးရွှေ အနေနဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ ၇ ရက်နေ့က ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။

အမှုဖွင့်ပြီးနောက် ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကာ တရားရုံးက အာမခံပေးထားတဲ့အတွက် ပြင်ပကနေ အမှုရင်ဆိုင်နေခဲ့တာ ၂ နှစ်ကျော်ကြာပြီလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013