DVB Logo
Home
Lead Story
Myanmar’s Got Talent ပြိုင်ပွဲမှာ ကောင်းကင်မေမေသီချင်းကို သီဆိုပြခဲ့သည့် ရွှေတံဆိပ် ၁၈ ဆုရှင်မသန်စွမ်း အားကစားသမား (ရုပ်သံ)
DVB
·
July 2, 2019
Myanmar’s Got Talent ပြိုင်ပွဲမှာ ကောင်းကင်မေမေသီချင်းကို သီဆိုပြခဲ့သည့် ရွှေတံဆိပ် ၁၈ ဆုရှင်မသန်စွမ်း အားကစားသမား (ရုပ်သံ)
Donate to DVB

“မေမေရဲ့သားနိုင်တယ်… မေမေရယ်ရင်ဆိုင်ပွဲတိုင်း ဟူး… မေမေရဲ့သား နိုင်တယ်… အန္တရာယ်တွေရင်ဆိုင်ပွဲတိုင်း… မေမေ့ရဲ့အားမာန်တွေ… သားလေးရဲ့ သွေးထဲကို စီးဝင်… အရှုံးပွဲနဲ့တွေ့ဖို့ရာအကြောင်း မမြင်…  အောင်ပွဲဆင်”

ဒါကတော့ ရော့ခ်ကာကြီး အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ ကောင်းကင်မေမေ အမည်ရတဲ့ သီချင်းတပုဒ်ဖြစ်ပြီး တချိန်ကတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျားရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ခုတခါမှာတော့ ဒီသီချင်းကို Myanmar’s Got Talent ရဲ့ Audition အဆင့်ပြိုင်ပွဲ စင်မြင့်ပေါ်မှာ ပြိုင်ပွဲဝင်တဦးရဲ့ ပုံစံတမျိုးနဲ့  ထူးထူးခြားခြား ယှဉ်ပြိုင်ခဲ့တာကို တကျော့ ပြန်ရှုစားကြရမှာ ဖြစ်ပါတယ်။

“ကလေးတစ်ယောက်ရဲ့ကောင်းကင်ရယ်… ကျန်ရစ်ခဲ့ပါစေကွယ်… အေးချမ်းမှုတို့ လွှမ်းခြုံတယ် မမေ့တော့ဘူး… အဝေးဆုံးဝေးခရီးများ… အချိန်များ ဖြတ်ရှေ့ဆက်တက် ကာ… ကလေးလေးတစ်ယောက် ကြီးပြင်းခဲ့ပြီ မေမေရယ်”

ဒီသီချင်းကို ကီးဘုတ်တီးပြီး ထူးထူးခြားခြား ပြိုင်ပွဲဝင်ခဲ့သူကတော့ မြန်မာ့လက် ရွေးစင် မသန်စွမ်းအားကစားသမား ကိုဝင်းစန်းအောင် ဖြစ်ပါတယ်။

သူဟာ ရေကူး၊ ၀ှီးချဲဘတ်စကက်ဘော၊ အလေးမ၊ သံလုံးသံပြားပစ်၊ ၀ှီးချဲကြက်တောင် စ တဲ့ မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားတဦးဖြစ်ပြီး အရှေ့တောင်အာရှအဆင့် ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ၁၈ ခုလောက် ရရှိထားခဲ့ပြီးလည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Got Talent ပြိုင်ပွဲမှာတော့ ဒိုင်တွေအဖြစ် ၀ါရင့်သရုပ် ဆောင်မင်းသမီး မို့မို့မြင့်အောင်၊ ဒါရိုက်တာ မောင်သီ၊ သရုပ်ဆောင်မင်းသမီး ခိုင်သင်းကြည်နဲ့ အစီအစဉ်တင်ဆက်သူ မောင်မောင်အေးတို့က အကဲဖြတ်အမှတ်ပေးကြတာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်တွေရဲ့ အစွမ်းပြယှဉ်ပြိုင်မှုမစခင် ဒိုင်တွေနဲ့ အမေးအဖြေလုပ်ချိန်မှာတော့ ကိုဝင်းစန်းအောင်က  ကီးဘုတ်ကို သူ့ဟာသူ အိမ်မှာပဲ ငယ်ငယ်တည်းက လေ့ကျင့်ရင်း တတ်လာတာဖြစ်ပြီး အိမ်မှာတယောက်တည်း နေရတာများတဲ့အချိန်မှာ ကီးဘုတ်ဟာ သူ့ရဲ့ အဖော်ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

ကိုဝင်းစန်းအောင်ဟာ ငယ်စဉ်ကလေးဘ၀အရွယ်ကတည်းက အမေရဲ့ အားပေးမှုတွေနဲ့ ဘ၀အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်လာခဲ့သူဖြစ်ပြီး အရှုံးမပေးပဲအားမာန်နဲ့ ဆက်လက်ချီတက်နေဦးမယ့် အကြောင်းလည်း ပြောသွားပါတယ်။

အမေ့ရဲ့ သားအဖြစ် အဓိပ္ပါယ်ပြည့်ဝလှတဲ့ ဒီသီချင်းကို သူက ပိုင်ပိုင်နိုင်နိုင်နဲ့ သီဆိုပြခဲ့ဟန်ဟာ ပရိသတ်တွေကိုရော ဒိုင်တွေကိုပါ ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

  “မေမေရဲ့သားနိုင်တယ်… မေမေရယ်ရင်ဆိုင်ပွဲတိုင်း ဟူးးး… မေမေရဲ့သား နိုင် တယ်… အန္တရာယ်တွေရင်ဆိုင်ပွဲတိုင်း… မေမေ့ရဲ့အားမာန်တွေ… သားလေးရဲ့ သွေး ထဲ ကို စီးဝင်… အရှုံးပွဲနဲ့တွေ့ဖို့ရာအကြောင်း မမြင်… အောင်ပွဲဆင်”

ကီးဘုတ်နဲ့ တီးခတ်သီဆိုယှဉ်ပြိုင်မှုအပြီးမှာတော့ ကိုဝင်းစန်းအောင်ဟာ ဒိုင် ၄ ယောက်စလုံးဆီက YES တွေ ရရှိခဲ့ပြီး နောက်တဆင့်တက်သွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013