DVB Logo
Home
မြန်မာသတင်း
ပရိသတ်အကြိုက် စပိုက်ဒါမန်း ရုပ်ရှင်ကားသစ် ရုံတင် (ရုပ်ရှင်နမူနာ)
DVB
·
July 2, 2019
ပရိသတ်အကြိုက် စပိုက်ဒါမန်း ရုပ်ရှင်ကားသစ် ရုံတင် (ရုပ်ရှင်နမူနာ)
Donate to DVB


Marvel Comics ဇာတ်ကောင် Spider-Man ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် Spider- Man: Far from Home ရုပ်ရှင်ကားသစ်ကို အမေရိကန်နိုင်ငံမှာ ဒီကနေ့ စတင်ပြီး ရုံတင်ပြသနေပါတယ်။

Action Adventure Sci-Fi အမျိုးအစား စူပါဟီးရိုး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီ ကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Marvel Studios နဲ့ Columbia Pictures တို့က ပူးပေါင်းတင်ဆက်လိုက်တာဖြစ်ပါတယ်။ ဒီကားဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခု နှစ်က ထွက်ရှိခဲ့တဲ့ Spider-Man: Homecoming ရုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်မှာ ဖြစ်ပြီး အရင်ကားကို ရိုက်ကူးခဲ့တဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Jon Watts ကပဲ ထပ်ပြီးတော့ ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်အကြောင်းကို ပြောမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ရုံတင်ရုပ်ရှင် End Game အကြောင်းကို ထည့်ပြောရမှာဖြစ်ပါတယ်။ End Game ထဲမှာ Thanos ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တဲ့ ဆရာဖြစ်တဲ့ Tony Stark အတွက် ပူဆွေးဝမ်းနည်းနေရတဲ့ Spider- Man တဖြစ်လလည်း Peter Parker ဟာ ဒီကားထဲမှာတော့ အတန်းဖော်တွေနဲ့ ဥရောပကို ခရီးသွားရတော့မှာ ဖြစ်ပါတယ်။ 

အဲဒီမှာ သူဟာ S.H.I.E.L.D Agent တယောက်ဖြစ်တဲ့ Nick Fury ကြီးနဲ့ တွေ့ရမှာဖြစ်ပြီး ဥရောပခရီးမှာ တခြားဗီလိန်ဇာတ်ကောင်တွေ အများကြီးနဲ့ ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေတာပါ။

ပြောင်းလဲသွားတဲ့ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုအသစ်တွေကြား ဘယ်လိုစွန့်စားခန်းတွေ၊ အက်ရှင်ဇာတ်လမ်းဇာတ်ကွက် တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။

     ဒီကားထဲမှာတော့ Spider-Man အဖြစ် ဗြိတိန်သရုပ်ဆောင်မင်းသား Tom Holland က ခေါင်းဆောင်ပါဝင်ထားပြီး ၀ါရင့်သရုပ်ဆောင်မင်းသားကြီး Samuel L. Jackson ကတော့ Nick Fury နေရာက ပါဝင်ထားတာပါ။ အမေရိကန် သရုပ်ဆောင် မင်းသား Jake Gyllenhaal ကတော့ ဒီကားထဲမှာ စူပါဗီလိန်ဇာတ်ကောင် Mysterio အ ဖြစ်ပါဝင်ထားပြီး တခြားသရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားခဲ့ကြတာပါ။

     ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေး ငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

     ဒီကားကိုတော့ ဘတ်ဂျတ်အမေရိကန်ဒေါ်လာ သန်း ၁၆၀ အကုန်အကျခံရိုက်ကူးထားတာ ဖြစ်ပါတယ်။

     Box Office မှာတော့ ဒီရုပ်ရှင်ကားဟာ အမေရိကန်မှာ ရုံတင်ပြသမယ့် ပထမ ၆ ရက်အတွင်း ၀င်ငွေအမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

     Youtube ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ပရိသတ်ကြား စိတ်ဝင်စားမှုတွေ မြင့်တက်နေခဲ့ပြီး တလအတွင်း ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သန်း ၆၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

     ကြာမြင့်ချိန် ၁၂၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်မှာ ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့မတိုင်ခင် ရုံတင်ပြသနေတာဖြစ်ပြီး IMDb မှာတော့ Rating 8.1 အထိ ရရှိထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013