DVB Logo
Home
မြန်မာသတင်း
တောင်ငူတွင် ငွေကျပ် ၂၀၁၁၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
July 1, 2019
တောင်ငူတွင် ငွေကျပ် ၂၀၁၁၀ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Donate to DVB

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့မှာ ဒီနေ့ ကျပ်သိန်း ၂၀၀၀၀ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ ဘိန်းစိမ်းတွေမိခဲ့တယ်လို့ မူးယစ်ဆေးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ဒီမနက် ၅ နာရီကျော်က တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရဲစခန်းရှေ့မှာ ရှောင်တခင်စစ်ဆေးရာကနေ မိခဲ့တာပါ။

လွိုင်ကော်ဘက်ကနေ တောင်ငူဘက်သို့ မောင်းနှင်လာတဲ့ကားကို ရပ်တန့်စစ်ဆေး ရှာဖွေရာမှာ ယာဉ်ပေါ်မှာပါလာတဲ့ စက္ကူပုံးထဲက ရောင်စုံဆပ်ပြာခွက်တွေနဲ့ ထည့်ထားတဲ့ ဘိန်းဖြူ အလေးချိန် ၁၈.၇ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၁၈,၇၀၀)၊ ပလတ်စတစ် တွေနဲ့ ထုပ်ထားတဲ့ ဘိန်းစိမ်းအလေးချိန် ၄၇ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၁,၄၁၀)၊ မော်တော်ဆိုင်ကယ် ၁ စီးနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်း မိခဲ့ပါတယ်။

အဲဒီကားကို မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်နေ အသက် ၃၂ နှစ်အရွယ် သန့်ဇင်ကိုမောင်းနှင်လာတာဖြစ်ပြီး သူ့ကို တောင်ငူ အမှတ် ၃ နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့်အရေးယူပြီး ကွင်းဆက်တွေ ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-CCDACMyanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013