DVB Logo
Home
မြန်မာသတင်း
စာရေးဆရာမကြီး ကလျာ(၀ိဇ္ဇာ/သိပ္ပံ) ကွယ်လွန်
DVB
·
July 1, 2019
စာရေးဆရာမကြီး ကလျာ(၀ိဇ္ဇာ/သိပ္ပံ) ကွယ်လွန်
Donate to DVB

မြန်မာစာပေလောကမှာ ထင်ရှားသူတဦးဖြစ်တဲ့ စာရေးဆရာမကြီး ကလျာ(၀ိဇ္ဇာ/သိပ္ပံ) ၊ အမည်ရင်းဒေါ်ခင်ခင်ဝင်းဟာ ဒီကနေ့ ဇူလိုင်လ ၁ ရက် မနက်အစောပိုင်းက ကွယ်လွန်သွားပါတယ်။

စာပေမဂ္ဂဇင်းတစောင်ဖြစ်တဲ့ ကလျာမဂ္ဂဇင်းရဲ့ ပဲ့ကိုင်ရှင် ဆရာမကြီးကို  ဧရာဝတီတိုင်း၊ ဖျာပုံမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၁ နှစ်အရွယ် ရှိနေပြီ ဖြစ်ပါတယ်။

ငယ်စဉ်ကတည်းက စာပေ၀ါသနာပါသူတဦးဖြစ်တဲ့ ဆရာမကြီးဟာ ကာတွန်းစိန်ကြီးနဲ့ လက်ထပ်ခဲ့ပြီး ၁၉၆၉ ခုနှစ် မေလထုတ် မိုးသောက်မဂ္ဂဇင်းပါ စေတနာမှန်သော်လည်း ဝတ္ထုတိုနဲ့ စာပေနယ်ထဲကို ၀င်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ထင်ရှားတဲ့ ဝတ္ထုတို၊ ဝတ္ထုရှည်နဲ့ လုံးချင်းဝတ္ထုတွေကို ရေးသားထုတ်ဝေခဲ့ပြီး မချမ်းသော မချမ်းဘော၊ ကျိန်စာသင့်ဝိဉာဉ်၊ စိုင်းတို့မောသို့အလွမ်းပြေ၊ ခေမရဌ် အကျဉ်းစံ၊ မြောက်ဦးမြို့မှသည် တာချီလိတ်ဆီသို့(ပ၊ဒု)၊ ကိန္နရီအချစ် ကိန္နရာမေတ္တာ (ပ၊ ဒု)၊ စိတ္တဇကန္တာရ ခရီးသည်(ပ၊ဒု)၊ ဇွဲကပင်တောင်ခြေ ချစ်ရိပ်ဝေသည်၊ သုဝဏ္ဏဘူမိသူ-သီရိပစ္စယာသား(ပ၊ဒု)၊ တောင်သမန်သစ္စာ၊ ငပလီနှင့်လန်ကာဝီ၊ စန္ဒကူးစံအိမ်စတဲ့ စာအုပ်တွေဟာ ထင်ရှားပါတယ်။

စာပေလောကမှာထင်ရှားတဲ့ မဂ္ဂဇင်းတစောင်ဖြစ်တဲ့ ကလျာမဂ္ဂဇင်းကိုတော့ ၁၉၈၅ ခုနှစ်မှာ ကိုယ်တိုင်စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ ဆရာမကြီး ကွယ်လွန်သွားတဲ့အပေါ် Pen Myanmar အဖွဲ့က ဝမ်းနည်းကြောင်း ရေးသားမျှဝေခဲ့ပါတယ်။

ရသဝတ္ထုရေးဆရာ ကိုရိုးကွန့်ကတော့ “ဆရာမကြီး ကလျာ( ၀ိဇ္ဇာ \သိပ္ပံ) ယနေ့ နံနက် ကွယ်လွန်ကြောင်း ကြားသိရသဖြင့် မိသားစု နှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ဆရာမကြီး မြင့်မြတ်သောဘုံ ဘဝသို့ ရောက်ပါစေ”လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရေးသား ထားပါတယ်။ 

ကွယ်လွန်သူ ဒေါ်ခင်ခင်ဝင်း(ခ) စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ/သိပ္ပံ)ရဲ့ ဈာပနကို ဇူလိုင် ၃ ရက်  နေ့လယ် ၁ နာရီ မှ ၂ နာရီမှာ ရေဝေးသုဿာန်မှာ ပြုလုပ်မှာပါ။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013