DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် သိမ်းဆည်းခံလယ်မြေ ပြန်လည်ရရှိရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
DVB
·
July 1, 2019
ဘားအံတွင် သိမ်းဆည်းခံလယ်မြေ ပြန်လည်ရရှိရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခလောက်နို့ကျေးရွာ၊ နိုင်းကြာဘုန်းတော်ကြီးကျောင်းမှာ မူလလယ်ပိုင်ရှင်တွေက သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းက လယ်ယာမြေသိမ်းဆည်းခံတောင်သူတွေရဲ့ နစ်နာမှုတွေနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူ လယ်သမားသမဂ္ဂက ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ကရင်ပြည်နယ်အတွင်း သိမ်းဆည်းလယ်ယာမြေတွေ ပြန်လည်စွန့်လွတ်ပေမယ့် မူလ လယ်ပိုင်ရှင်တွေ ပြန်လည်မရရှိတာတွေ၊ လယ်ယာမြေသိမ်းဆည်းခံရမှုတွေကြောင့် စားဝတ် နေရေး အခက်အခဲကြုံတွေ့နေရတာတွေ၊ မိမိတို့လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ နိုင်ငံတော် အဆင့် တာဝန်ရှိသူတွေ ပြန်လည်စိစစ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်တာပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ နာယက ဦးဆန်းဆင့်က “၀န်ကြီးချုပ်တွေ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ရှင်းပြတာကတော့ ၈၀ ရာခိုင်နှုန်းတို့ ၇၀ ရာခိုင်နှုန်းတို့ ပြောနေသောလည်းပဲ အောက်ခြေမှာတော့ ပြည်သူလက်ထဲကို မရောက်ဘူး။ လျော်ကြေးတွေကိုလည်း တိတိကျကျမရသေးဘူး”လို့ ပြောပါတယ်။

ပိုင်ကျုံမြို့နယ်ခွဲ၊ ဒေါ်လန်းကျေးရွာ၊ ဒေါ်အေးမြင့်က “ကိုယ်ရဲ့မြေကြီး ကိုယ့်ကိုယ်တိုင် လုပ်ပိုင်ခွင့်မရတော့ သူတပါးလုပ်နေတာတွေ့တော့ ဘယ်စိတ်ချမ်းသာမလဲ။ ကိုယ်ကဘယ်မှာမှ တိုင်ကြားလို့မရဘူး။ တိုင်လိုက်လို့ရှိရင်လည်း နည်းလမ်းကျကျနဲ့ ဖြေရှင်းပေးတာမရှိဘူး”လို့ ပြောပါတယ်။

ကော့ကရိတ်မြို့နယ်၊ ရေပူကျေးရွာ၊ မနော်ဖောဆန်းကေက “အဖေလည်း ဒီလယ်နဲ့ အသိမ်းခံရတဲ့စိတ်နဲ့ သေသွားပြီ။ သမီးတို့လည်း သေပါစေ။ ဘိုးဘွားပိုင်လယ်လေးတွေ တောင်ယာလေးတွေ ပြန်ရချင်တယ်။ ကူညီကြပါ။ အရှုံးမပေးဘူး။ ကိုယ်လည်း ကိုယ့်လယ်ကိုယ် ပြန်ရအောင် ဥပဒေဘောင်ထဲက အစွမ်းကုန်ကြိုးစားသွားမယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း ဒေသခံတောင်သူတွေရဲ့ လယ်ယာမြေတွေကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေက သိမ်းဆည်း ထားသလို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မြေစာရင်းဝန်ထမ်းတွေ အိမ်ခြံကွက်ရိုက်ရောင်းချထားတဲ့ မြေယာအမှုတွေ ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျန်ရှိနေသေးတယ်လို့ တောင်သူလယ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

သိမ်းဆည်မြေဧက ထောင်ချီရှိပြီး ၁၉၉၈ ခုနှစ်ကတည်းက စတင် သိမ်းဆည်းခဲ့တာတွေ ဖြစ်ပြီး ပြန်လည်စွန့်လွှတ်ခဲ့ပေမယ့် တောင်သူလယ်သမားတွေရဲ့ လက်ဝယ်မရောက်ရှိသေးတာ လို့ ဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့နယ်တွေက သိမ်းဆည်းခံ မူလလယ်ပိုင်ရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013