DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေ သိန်း ၁၅၀၀၀ ဆု ဟင်္သာတမြို့က အသက် ၈၀ ကျော်အဘွားအို ဆွတ်ခူး
DVB
·
July 1, 2019
အောင်ဘာလေ သိန်း ၁၅၀၀၀ ဆု ဟင်္သာတမြို့က အသက် ၈၀ ကျော်အဘွားအို ဆွတ်ခူး
1 / 4
Donate to DVB

ဒီနေ့ ဇူလိုင် ၁ ရက်မှာ ဖွင့်လှစ်တဲ့ အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ အမြင့်ဆုံးဆုမဲ ကျပ် သိန်း ၁၅၀၀၀ ကို ဟသာင်္တမြို့က အသက် ၈၀ ကျော်အဘွား ဒေါ်ခင်တင့်က ဆွတ်ခူးသွားပါတယ်။

သူ့မှာ အမျိုးသားကွယ်လွန်သွားတာ ၅ နှစ်ရှိပြီဖြစ်ပြီး လက်ရှိ အေးမြသာယာရပ်ကွက်၊ အလောင်းဘုရားလမ်းသွယ်နေမှာ တယောက်တည်းနေထိုင်တာပါ။

“အကြွေးထိုးတာ ထီပေါက်တယ်ပြောတော့ ဝမ်းသာပါတယ်။ အကြွေးတောင်ခုထိ မပေးရပေးသေးဘူးလေ။ လစဉ်ပုံမှန် ခုလို ထီအကြွေးထိုးနေကျပါ။ ခု အရမ်းပျော်ရပါတယ်” လို့ ပြောပါတယ်။ 

သူ့ကို ထီရောင်းခဲ့တဲ့ ဦးစောဝင်းကတော့ “ဒီအမေကြီးပုံမှန်ကျနော့်ဆီမှာ ထီ အကြွေးထိုး နေကျလေ။ လကုန်ခါနီးဆိုထိုးတယ်။ ကြုံရင်ကြုံသလိုတွေ့မှပေး။ ခုတော့ကျနော်တို့လည်းပျော်၊  ဒီရပ်ကွက်က တရပ်ကွက်လုံးပျော်ပေါ့ဗျာ” လို့ ပြောပါတယ်။ 

၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်ပွဲမှာ သိန်း ၁၅၀၀၀ ဆုက င ၉၂၈၁၇၇ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုကြက်၊ သန်းထိုက်မြင့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013