DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ မန္တလေးတွင် ဖြန့်ဝေ
DVB
·
July 1, 2019
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး လက်ကမ်းစာစောင်များ မန္တလေးတွင် ဖြန့်ဝေ
1 / 6
Donate to DVB

ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက်ရည်ရွယ်တဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြို့နယ်မှာ ဒီကနေ့ စတင် ဖြန့်ဝေနေပါတယ်။ 

လက်ကမ်းစာစောင်တွေ ခုလို ဖြန့်ဝေတာကို မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ဦးဆောင်ပြီးပြုလုပ်နေတာ ဖြစ်ပါတယ်။။

ကွန်ရက်အဖွဲ့ရဲ့ ဦးဆောင်သူ ဒေါက်တာအောင်စိုးမြင့်က “ပြီးခဲ့တဲ့ ၂၈ ရက်နေ့က မြစ်ဆုံစာချုပ်ကို ပြည်သူကို တလအတွင်း ချပြပေးဖို့ ဥပဒေနဲ့အညီ တောင်းဆိုခဲ့ပေမယ့် အစိုးရက တုံ့ပြန်မှုမရှိတဲ့အတွက် ပထမဆုံး ခြေလှမ်း အဖြစ် ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရေး လက်ကမ်းစားစောင်တွေ ဖြန့်ဝေ ပေးတာဖြစ်တယ်”လို့ ပြောပါတယ်။

မန္တလေးတက္ကသိုလ်အနီးကစတင်ပြီး မဟာအောင်မြေမြို့နယ်က မန်းမြို့ဈေး၊ အောင်မြေသာစံမြို့နယ် ၇၃ လမ်း ၂၆ လမ်း၊ ကျုံးထောင့် စတဲ့ လူစည်ကားရာနေရာတွေမှာ အသိပညာပေး လက်ကမ်းစာစောင် ၁၀၀၀ ကျော် ဖြန့်ဝေခဲ့ပါတယ်။

ဆက်လက်ပြီး မိတ္ထီလာ၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ မကွေးမြို့တွေမှာလည်း လက်ကမ်းစာစောင်တွေ ဆက်လက်ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013