DVB Logo
Home
မြန်မာသတင်း
မြောက်ပိုင်း ၄ ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က ပဏာမအပစ်ရပ်စာချုပ် (မူကြမ်း) ပေးအပ်
DVB
·
July 1, 2019
မြောက်ပိုင်း ၄ ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က ပဏာမအပစ်ရပ်စာချုပ် (မူကြမ်း) ပေးအပ်
Donate to DVB

အစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ပဏာမအပစ်ရပ်စာချုပ် (မူကြမ်း)နဲ့ ပတ်သက်တဲ့ အဆိုပြုချက်တွေကို  မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် ၄ ဖွဲ့ကို ငြိမ်းချမ်းရေးကော်မရှင်က ပေးအပ်ခဲ့ပါတယ်။

မနေ့က ကျင်းပတဲ့ မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားအပြီး  ငြိမ်းချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့တို့ တွေ့ဆုံစဉ်မှာ ပေးအပ်ခဲ့တာဖြစ်ပြီး ဇူလိုင် ဒုတိယပတ် (သို့မဟုတ်) တတိယပတ်မှာ ပြန်လည်တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(အမ်အန်ဒီအေအေ)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ မနေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ ၄  Orient Hotel မှာ တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကလည်း မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အဆိုပါအဖွဲ့တွေက အပစ်ရပ်စာချုပ်မူကြမ်းတွေ ပေးအပ်ခဲ့ပြီး အခု အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ဘက်က ပြန်လည်ပေးခဲ့တာဖြစ်ပါတယ်။

စာချုပ်မူကြမ်းနဲ့ပတ်သက်ပြီး မေလအတွင်း ဆွေးနွေးဖို့ ချိန်းဆိုခဲ့ကြပေမယ့် နှစ်ဖက် နေရာညှိနှိုင်းတာ အဆင်မပြေလို့ ဆွေးနွေးပွဲ ရွှေ့ဆိုင်းခဲ့ရပါတယ်။

စစ်တိုင်း ၅ ခုမှာ စစ်ရေးလှုပ်ရှားမှုတွေကို  နောက်ထပ် ၂ လ ရပ်ဆိုင်းလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇွန် ၃၀ ရက်က ထုတ်ပြန်ပါတယ်။ 

ပြီးခဲ့တဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်ဆိုင်းပေးထားတဲ့ကာလမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရတာကြောင့် အခုလို သက်တမ်းတိုးတာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013