DVB Logo
Home
မြန်မာသတင်း
ကစ္ဆပနဒီ ၃ ရေယာဉ် စစ်တွေ-ကျောက်ဖြူခရီးစဉ် ပြေးဆွဲပေးမည်
DVB
·
July 1, 2019
ကစ္ဆပနဒီ ၃ ရေယာဉ် စစ်တွေ-ကျောက်ဖြူခရီးစဉ် ပြေးဆွဲပေးမည်
Donate to DVB

ဂျပန်နိုင်ငံက ပေးအပ်လှူဒါန်းတဲ့ ကစ္ဆပနဒီ ၃ ကမ်းရိုးတန်းရေယာဉ်ဟာ စစ်တွေ-ကျောက်ဖြူခရီးစဉ်ကို ပြေးဆွဲပေးတော့မှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲအသုံးပြုရန်အတွက် ဂျပန်အစိုးရက ပေးပို့လှူဒါန်းတဲ့ ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) ခရီးသည်တင်အမြန် ရေယာဉ်လွှဲပြောင်းပေး အပ်ပွဲအခမ်းအနားကို မနေ့က ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ ROSE GARDAN ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန့်စင်မောင်က  ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းရိုးတန်း တလျှောက်တည်ရှိပြီး ရေလမ်းခရီးကို အဓိကအားကိုးအားထား အသုံးပြုနေရတာကြောင့် ခရီးသွားပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လုံခြုံစိတ်ချရတဲ့ ခေတ်မီ ရေယာဉ်တွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

ရခိုင်ဒေသအတွက် လုံခြုံစိတ်ချရတဲ့ ခေတ်မီ ကမ်းရိုးတန်းသွား လူစီးအမြန်ရေယာဉ်တွေ အမြန်ဆုံးရရှိနိုင်ရေးအတွက် အစိုးရက ဂျပန်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာကြောင့် ခရီးသည်တင် အမြန်ရေယာဉ် ၃ စီးအား ဂျပန်နိုင်ငံက ပေးအပ်လှူဒါန်းခဲ့တယ်လို့ ဦးသန့်စင်မောင်က ပြောပါတယ်။

ပထမအကြိမ်က ဂျပန်ယန်းသန်း ၅၀၀ တန်ဖိုးရှိ ကစ္ဆပနဒီ ၁ နဲ့ ကစ္ဆပနဒီ ၂ ရေယာဉ်တွေကို ပေးအပ်ခဲ့ပြီး ကစ္ဆပနဒီ ၁ က စစ်တွေ-မြေပုံ-ကျောက်ဖြူ၊ ကစ္ဆပနဒီ  ၂ ရေယာဉ်ကတော့ စစ်တွေ-မြေပုံ-ကျောက်ဖြူ ခရီးလမ်းကြောင်းတွေမှာ အားဖြည့်ပြေးဆွဲပေးနေတယ်လို့ ဆိုပါတယ်။

အခုလွှဲပြောင်းပေးအပ်တဲ့ ကစ္ဆပနဒီ-၃ ရေယာဉ်ဟာ ဂျပန်နိုင်ငံ၏ Grant Aid for the Economic and Social Development Program 2016 အစီအစဉ်နဲ့ ဂျပန်ပြည်သူတွေ ပေးအပ်လှူဒါန်းငွေနဲ့ တည်ဆောက်ခဲ့တာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

ကစ္ဆပနဒီ ၃ ရေယာဉ်ဟာ ကမ်းရိုးတန်းရေယာဉ် အမျိုးအစားဖြစ်တဲ့အတွက် စစ်တွေ-ကျောက်ဖြူခရီးလမ်းကို ကမ်းရိုးတန်းပင်လယ်ပြင်ကို ဖြတ်သန်း ပြေးဆွဲပေး သွားမှာပါ။

ဒီခရီးလမ်းကို ယခင်က မြစ်ကြောင်းအတွင်းလမ်းကနေ ခုတ်မောင်းခဲ့ရပြီး ၇ နာရီလောက် ကြာမြင့်ခဲ့ပေမယ့် အခုအခါ ခုတ်မောင်းချိန် ၄ နာရီလောက် ကြာမြင့်တော့မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013