DVB Logo
Home
မြန်မာသတင်း
အန်စီအေတွင် လက်မှတ်ထိုးရန် အဆင်သင့်ရှိဟု မိုင်းလားအဖွဲ့ပြော
DVB
·
June 30, 2019
အန်စီအေတွင် လက်မှတ်ထိုးရန် အဆင်သင့်ရှိဟု မိုင်းလားအဖွဲ့ပြော
Donate to DVB

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေသလို အားလုံးပါဝင်ပါက  လက်မှတ်ထိုးသွားမယ်လို့ အန်ဒီအေအေ မိုင်းလားအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ မိုင်းလားအထူးဒေသ ၄ ငြိမ်းချမ်းရေးနှစ် ၃ဝ ပြည့်အခမ်းအနား  သတင်းစာ ရှင်းလင်းပွဲမှာ အန်ဒီအေအေ ရဲ့သတင်းနှင့်ပြန်ကြားရေးဌာနမှူး ဦးခမ်းမောင်က ပြောကြားခဲ့တာပါ။

အန်ဒီအေအေ အနေနဲ့ ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်သလို ပြည်နယ်အဆင့် သတ်မှတ်ပေးဖို့လည်း တောင်းဆိုမှာမဟုတ်တာကြောင် အန်ဒီအေအေရဲ့ နိုင်ငံရေး ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးသာ လိုလားတာလို့လည်း ဆိုပါတယ်။

မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်းကလည်း နိုင်ငံတော်ရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ၂၁ ရာစု ပင်လုံညီလာခံ စိတ်ဓာတ်နဲ့ အန်စီအေ သဘောတူညီချက်ကို ဆောလျင်စွာရရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လျောက်လှမ်းမယ်လို့ ပြောဆိုခဲ့ပါတယ်။ 

“အဖွဲ့အသီးသီးက အခြေအနေတွေကို စဉ်းစားပြီး အဖက်ဖက်နဲ့ ပြေလည်စွာဆွေးနွေးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါဝင်ခြင်းဖြင့် ကျနော်တို့ဒေသရဲ့ ငြိမ်းချမ်းရေး ရေရှည် တည်တံ့ရေးခိုင်မြဲရေးအတွက် အာမခံချက်ရရှိအောင် ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။

မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ အပစ်ရပ်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်မှာရှိတဲ့ ဆီလူးဒေသ တာဝန်ရှိသူ တွေက အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး  မိုင်းလား အထူးဒေသ ၄ အဖြစ် ရပ်တည်ခဲ့တာပါ။

မိုင်းလား အထူးဒေသ ၄ ဟာ အကျယ်အဝန်း စတုရန်းမီတာ ၅၀၀၀ လောက်ရှိပါတယ်၊ ရှမ်း၊ အာခါ တိုင်းရင်သားတွေ အများစုနဲ့ လူဦးရေ ၁ သိန်း ၃ သောင်း ဝန်းကျင်ရှိပါတယ်။

မိုင်းလား အထူးဒေသ ၄ မှာ သတ္တုတွင်းလုပ်ငန်း၊ ရေအားလျှပ်စစ်၊ နယ်စပ်ကုန်သွယ်ရေး ဂိတ်၊ လောင်းကစားရုံတွေကရတဲ့ ဝင်ငွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013