DVB Logo
Home
မြန်မာသတင်း
အန်စီအေ လက်မှတ်ထိုးရန် မိုင်းလားအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
DVB
·
June 30, 2019
အန်စီအေ လက်မှတ်ထိုးရန် မိုင်းလားအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Donate to DVB

နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေကနေတဆင့် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ဖို့ အထူးဒေသ ၄၊ မိုင်းလား အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ရေးထိုးဖို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ပြည့် အခမ်းအနားကို ပေးပို့်တဲ့ သဝဏ်လွှာမှာ နိုင်ငံတော်အတိုင်ပင်ခံက အခုလို တိုက်တွန်းထားတာပါ။

ဒါ့အပြင် မိုင်းလားဒေသအနေနဲ့ နှစ် ၃၀ ကြာပစ်ခိုက်တိုက်ခိုက်မှု ရပ်စဲပြီး အပြန်အလှန်လေးစားမှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိထားပြီး ဖြစ်သလို ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်ကို ခံစားရနေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါ့ကြောင့် အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် အပြည့်အဝ အာမခံတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လိုအပ်ကြောင်း၊ အထူးဒေသ ၄၊ မိုင်းလားအနေနဲ့ အန်စီအေ လက်မှတ်ထိုးပြီး နိုင်ငံရေးစကားဝိုင်းတွေမှာ ပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာကို ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌ ဦးသိန်းဇော်က ဖတ်ကြားခဲ့ပါတယ်။ 

မိုင်းလား အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို အစိုးရ ငြိမ်းချမ်းရေးကော်မရှင်၊ အပစ်ရပ်နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013