DVB Logo
Home
မြန်မာသတင်း
သတင်းမီဒီယာများနှင့် တလနှစ်ကြိမ် ပုံမှန်တွေ့ဆုံလိုဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
DVB
·
June 30, 2019
သတင်းမီဒီယာများနှင့် တလနှစ်ကြိမ် ပုံမှန်တွေ့ဆုံလိုဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

သတင်းမီဒီယာတွေနဲ့ နှစ်ပတ်ကို တကြိမ်၊ တလကို နှစ်ကြိမ် ပုံမှန် တွေ့လိုကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

ဇွန် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာပါ။

“သတင်းမီဒီယာများနှင့် နှစ်ပတ်ကို တကြိမ်၊ တလကို နှစ်ကြိမ် ပုံမှန် တွေ့ချင်ကြောင်း၊ မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များစွာရှိကြောင်း၊ လုပ်ငန်းစဉ်များကို တနေ့တည်း တနေရာတည်း တထိုင်တည်းပြောမည်ဆိုရင် အများကြီးဖြစ်ပြီး အချိန်တွေကြာမှာစိုးကြောင်း၊ မိမိအနေဖြင့် နှစ်ပတ်ကို တကြိမ်တွေ့တိုင်း အကြောင်းအရာတခုကို ပြောပြသွားမှာဖြစ်ကြောင်း။ ယနေ့ သတင်းမီဒီယာတွေကို အသိပေး ပြောချင်တာက စက်မှုဇုန်အဆင့်မြှင့်တင်ရေး ဆောင်ရွက်မှုကိစ္စများကို အသိပေးပြောကြားချင်ကြောင်း။” 

မီဒီယာတွေက တန်ဖိုးနည်းအိမ်ရာ၊ စက်သုံးဆီဈေးနှုန်းလျော့ချရေး၊ ဆိပ်ကမ်းမြို့နယ်ကိစ္စ၊ ရန်ကုန်မြို့တော်စည်ပင်သာယာဥပဒေ၊ လျှပ်စစ်မီး၊ ကျောင်းသားသမဂ္ဂအဆောက်အအုံကိစ္စ၊ ရန်ကုန်မြို့ ကားပါကင်နဲ့ ကျူးကျော်အိမ်ပြဿနာတွေကို မေးမြန်းခဲ့ကြပါတယ်။

လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ လာရောက်တာ ရှိပေမယ့် ကောက်ခံမယ့် ဈေးနှုန်း ညှိနှိုင်းမရတာကြောင့် အဆင်မပြေခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော့်ကို လာတွေ့တဲ့ ကုမ္ပဏီတွေ များစွာရှိပါတယ်။ သူတို့ကို ပြည်ထောင်စုလျှပ်စစ်ဌာနနဲ့ ဆွေးနွေးဖို့ တွန်းအားပေးခဲ့ပါတယ်။ ယခင်တုန်းက အဆင်ပြေမှု အားနည်းခဲ့ပါတယ်။ အခု ကျနော်တို့ ပြုပြင်ပြောင်းလဲလာတဲ့အပေါ် အဆင်ပြေမယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ သင့်တင့်မျှတတဲ့ နှုန်းထားတခု ပေးလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင့် စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်တဲ့ စီမံကိန်းတွေ လုပ်ဆောင်နေပြီး ရေဆိုးထုတ်စနစ်နဲ့ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေး အဆင့်မြှင်တင်တာတွေကို ဇုန်တွေအလိုက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တွေ့ဆုံပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ကရင်လူမျိုးရေးရာဝန်ကြီး နော်ပန်သဉ္ဇာမျိုး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ စာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေနဲ့ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013