DVB Logo
Home
မြန်မာသတင်း
ပိုးသတ်ဆေးနှင့်ဓာတုဆေးဝါးကို လိုအပ်မှ ချင့်ချိန်သုံးစွဲကြရန် အတိုင်ပင်ခံ တိုက်တွန်း
DVB
·
June 29, 2019
ပိုးသတ်ဆေးနှင့်ဓာတုဆေးဝါးကို လိုအပ်မှ ချင့်ချိန်သုံးစွဲကြရန် အတိုင်ပင်ခံ တိုက်တွန်း
Donate to DVB

တောင်သူလယ်သမားကြီးတွေအနေနဲ့ ပိုးသတ်ဆေးတွေ၊ ဓာတုဆေးဝါးတွေကို မဖြစ်မနေ လိုအပ်မှပဲ ချင့်ချိန်သုံးစွဲကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။

မနေ့က ဧရာဝတီတိုင်း၊ ဓနုဖြူမြိ့နယ်က ဒေသခံ တောင်သူလယ်သမားတွေနဲ့ တွေ့ဆုံရာမှာ ပြောတာဖြစ်ပြီး နိုင်ငံကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေဟာ ကမ္ဘာကသတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုရင် ကမ္ဘာ့ဈေးကွက်ထဲကို ထဲထဲဝင်ဝင်တိုးဖို့ခက်မယ်လို့ ပြောပါတယ်။

“လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူလယ်သမားကြီးတွေကို တွေ့ဆုံခွင့် ရခိုက်မှာ ကျမအနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း လယ်ယာကဏ္ဍဟာ ကျမတို့နိုင်ငံရဲ့ အဓိကအခြေခံဖြစ်ပါတယ်။ ကျမတို့ နိုင်ငံရဲ့ လယ်ယာထွက်ကုန်တွေဟာ ဂုဏ်သတင်းကောင်း၊ နာမည်ကောင်းတွေ ရှိခဲ့ပါတယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ ဘေးကင်းလုံခြုံတဲ့ စားနပ်ရိက္ခာ တွေကို ပိုမိုပြီး တောင်းဆိုလာကြပါတယ်။ ဒါ့ကြောင့် ကျမတို့ရဲ့ တောင်သူ လယ်သမားကြီးတွေ အနေနဲ့ ပိုးသတ်ဆေးတွေ၊ ဓါတုဆေးဝါးတွေကို မဖြစ်မနေ လိုအပ်မှသာ ချင့်ချိန်သုံးစွဲကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ပြောပါတယ်။

တကမ္ဘာလုံးနဲ့ ယှဉ်နေရတာဖြစ်ပြီး ဖွံ့ဖြိုးပြီးချမ်းသာတဲ့နိုင်ငံတွေမှာ ကျန်းမာရေးနဲ့ ကိုက်ညီလားဆိုတာ အလေးထားတာကြောင့် နာမည်ပျက်သွားရင် ပြန်တည်ဆောက်ရတာ ခက်တယ်လို့လည်း ပြောပါတယ်။

“ရေရှည်ကိုကြည့်ပြီးတော့ အမြန်ဖြစ်နိုင်မယ့်အရာကိုပဲ မစဉ်းစားဘဲနဲ့ ပိုးသတ်ဆေးတွေ သုံးလိုက်တော့ မြန်မြန်ပိုးသေပေမယ့် အဲဒီရဲ့အကျိုးဆက်က ကိုယ့်ရဲ့ထွက်ကုန်တွေကို ရသင့် သလောက် ဈေးလည်းမရဘူး။ ရောင်းလို့ရနိုင်တဲ့အဆင့်ထိလည်း ရောင်းလို့မရဘူး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရေတိုကို မကြည့်ပါနဲ့၊ ရေရှည်ကိုကြည့်ပြီးတော့ ပိုမိုအပင်ပန်းခံပြီးတော့ ကမ္ဘာ့စံနှုန်းနဲ့ ကိုက်ညီမယ့် စားသောက်ကုန်တွေထွက်ဖို့ကို အလေးထားစေချင်ပါတယ်။ မလိုအပ်ဘဲ ဓာတုဆေးဝါးတွေ အလွန်အကျွံသုံးစွဲရင် ကျမတို့နိုင်ငံက လယ်ယာထွက်ကုန်တွေဟာ ပြည်တွင်း၊ ပြည်ပဈေးကွက်မှာနာမည် ဂုဏ်သတင်းထိခိုက်စေမှာဖြစ်ပါတယ်။ ကုန်သွယ်မှုမှာပဲ ဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်ရာမှာပဲဖြစ်ဖြစ် ယုံကြည်မှုနဲ့ စိတ်ချနိုင်မှုက အထူးပဲ အရေးကြီး ပါတယ်။ ယုံကြည်မှု ပျက်စီးသွားပြီ၊ စိတ်ချနိုင်မှုမရှိတော့ဘူးဆိုရင် ပျက်စီးသွားတဲ့ နာမည်၊ ဂုဏ်သတင်းကို ပြန်ပြီး တည်ဆောက်ရတာ အင်မတန်ခက်ခဲပါတယ်”

အစိုးရအနေနဲ့ စပါးကိုအခြေခံဈေးနှုန်းအောက် မရောက်အောင် မူဝါဒပိုင်းအရ ဖြစ်စေ၊ ပြည်ပ နိုင်ငံအစိုးရတွေနဲ့ချိတ်ဆက်ပြီး တင်ပို့ရောင်းချနိုင်အောင်ပဲဖြစ်စေ ကြိုးပမ်းလုပ်ဆောင် သွားရမှာဖြစ်ပြီး အခြေခံ ဈေးအောက်ကို ရောက်မသွားအောင် သီးနှံတွေစုပြုံပေါ်ထွက်ချိန်မှာ ဝယ်လိုအား တိုးမြှင့်မယ့် အစီအစဉ်တွေကို ပုဂ္ဂလိကနဲ့ အစိုးရက ပူးပေါင်းလုပ်ဆောင်သွားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြီးတော့ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့လည်း လယ်ယာကဏ္ဍအတွက်၊ တောင်သူ လယ်သမားကြီးတွေ အတွက် လိုအပ်တဲ့ နှစ်တိုနှစ်ရှည်ချေးငွေတွေကို လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တတ်နိုင်သမျှ ဦးစားပေးပြီးတော့ ထုတ်ချေးပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် တောင်သူတွေရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလိုအပ်ချက်တွေအတွက် ဝန်ကြီးဌာန တခုတည်းကနေ တာဝန်ယူပြီး ထိထိရောက်ရောက် စုစုစည်းစည်း လုပ်ကိုင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ဝန်ကြီးဌာန ၂ ခုကို ပေါင်းပေးထားသလို သမဝါယမကဏ္ဍပါ ပါဝင်တဲ့အတွက် ကျေးလက်တောင်သူတွေ စုပေါင်းလုပ်ဆောင်နိုင်မယ့် ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ သမဝါယမစနစ်ကို ကျေးလက်ဒေသတွေမှာ စနစ်တကျ လုပ်ဆောင်သွားရမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013