DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားတက္ကသိုလ် ကျောင်းသားများ ဆန္ဒထုတ်ဖော်
DVB
·
November 23, 2012
တိုင်းရင်းသားတက္ကသိုလ် ကျောင်းသားများ ဆန္ဒထုတ်ဖော်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း ရွာသစ်ကြီး  တိုင်းရင်းသားဖွံဖြိုးရေး တက္ကသိုလ်ကို ရွှေ့ပြောင်းခံရတဲ့  မန္တလေး တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်က ကျောင်းသူ ကျောင်းသားတွေဟာ  သူတို့ရဲ့ မူလကျောင်းဟောင်းမှာ ပြန်လည် ပညာသင်ကြားခွင့်ရ ရေးအတွက်  တောင်းဆိုနေကြပါတယ်။

ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) က ကျောင်းသား ၅၀၀ လောက်ဟာ   နေရာသစ်မှာ  ကျောင်းဆောင် မလုံလောက်မှုနဲ့ နေရေးထိုင်ရေး အခက်အခဲရှိတာတွေ ရှိနေတာကြောင့်  နိုဝင်ဘာ ၂၂ ရက် ညပိုင်းက  မိုင် ၃၀ ကျော် ဝေးတဲ့  မန္တလေးမြို့ကို လမ်းလျှောက်ပြန်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။

[caption id="attachment_33474" align="alignright" width="300" caption="စစ်ကိုင်းတိုင်း ရွာသစ်ကြီးရှိ တိုင်းရင်းသားစွမ်းရည်မြှင့်တင်ရေး ကျောင်းသားများ မန္တလေးမြို့ရှိ မိုင် ၃၀ ကျော်ဝေးသော ကျောင်းဟောင်းသို့ နိုဝင်ဘာ ၂၂ ရက် ညနေ ၆ နာရီက စတင် လျှောက်လာခဲ့ကြ"][/caption]

ဒီနေ့ မနက်ပိုင်းမှာ ကျောင်းသားတွေဟာ  ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) မှာ ကျောင်းပြန် တက်ရရေး၊ ကျောင်းသား အုပ်ချုပ်တဲ့စနစ်ဖြစ်ရေးနဲ့ တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံဖြိုးရေး ဒီဂရီကောလိပ် ရေရှည်တည်ရှိရေး စတဲ့ ၃ ချက်ကို အာဏာပိုင် တွေဆီ တောင်းဆိုထားတာပါ။

ဒီတောင်းဆိုချက်တွေကို အာဏာပိုင်တွေဆီက အကြောင်းပြန်ကြားချက် မရရင်တော့ လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုသင်းကိုကိုအောင်က အခုလို ပြောပါတယ်။

“ကျနော်တို့ ၃ နာရီထိ စောင့်မှာပေါ့။ ကျနော်တို့ ဆန္ဒပြတာမဟုတ်ဘူး၊ ဆန္ဒဖော်ထုတ်တာလည်း မဟုတ်ဘူး၊ ကျနော်တို့ ကျောင်းသားတွေ ဘာမှ ဘယ်သူမှ ထိခိုက်နစ်နာအောင် မလုပ်ဘူး။ ကျနော်တို့ တန်းစီလမ်းလျှောက်တာပဲ၊ ရတနာပုံလမ်းထိပ် ဟိုးဘက် စွယ်တော်အထိပေါ့။”

နယ်စပ်ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်းက ဆန္ဒထုတ်ဖော်နေတဲ့ကျောင်းသားတွေကို သွားရောက် တွေ့ဆုံတာရှိပေမယ့် တောင်းဆိုချက်တွေကို လိုက်လျောခြင်းမရှိသေးပါဘူး။

နယ်စပ်ရေးရာဝန်ကြီးဌာနကနေ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) က ကျောင်းသား ၆၀၀ ကျော်ကို  စစ်ကိုင်းရွာသစ်ကြီးကို ပြီးခဲ့တဲ့ လပိုင်းကမှ အတင်းအဓမ္မ ပြောင်းရွှေ့လိုက်ရတဲ့အတွက် ကျောင်းသားတွေအခုလို လူစုလူဝေးနဲ့ တောင်းဆိုရတာပါ။

နယ်စပ်ဒေသ၀န်ကြီးဌာန လက်အောက်ခံ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (မန္တလေး) ကို ပညာရေးဝန်ကြီးဌာနကနေ မန္တလေးကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ်ဖို့ရှိတာကြောင့်  ကျောင်းသားတွေကို ပြောင်းရွှေ့ရတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားကျောင်းသားတွေ အနေနဲ့ လိုလားချက်တွေကို  မရမချင်း တောင်းဆိုသွားမယ်လို့ ကိုသင်းကိုကိုအောင်က ဆက်ပြောပါတယ်။

“ကျနော်တို့ ပြင်ဆင်ထားတာက အဲ ၃ နာရီရောက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းမရမချင်း ဒီမန္တလေးကျောင်းမှာပဲ နေမှာပါ။”

ကျောင်းမပြောင်းရွှေ့ရဖို့ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်က ကျောင်းသား ၆၀၀ ကျော်က  သမ္မတဆီ လက်မှတ်ရေးထိုးတောင်းဆိုထားပြီးခဲ့ပြီး သမ္မတကနေ တစုံတရာ အကြောင်းပြန်တာတော့ မရှိခဲ့ပါဘူး။

တိုင်းရင်းသား ဒီဂရီကောလိပ်ဟာ မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးက အစိုးရ ၁၀ တန်းအောင် တိုင်းရင်းသားကျောင်းသားတွေကို သင်ကြားပေးနေတဲ့ ကောလိပ် တခု ဖြစ်ပြီး၊ ၂၀၀၀ နှစ်ကတည်းက ဖွင့်လှစ်သင်ကြားပေးနေခဲ့တာလဲ ဖြစ်ပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်မှာ ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့တွေအပြင် အင်ဂျင်နီယာ ဘာသာရပ်တွေကို တိုင်းရင်းသားလူငယ်တွေအတွက် သင်ကြားပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013