DVB Logo
Home
မြန်မာသတင်း
ယာဉ် ၃ စီးအားတိုက်မိပြီး ဘုရင့်နောင်တံတားပေါ် ခုန်ချထွက်ပြေး (ရုပ်သံ)
DVB
·
June 29, 2019
ယာဉ် ၃ စီးအားတိုက်မိပြီး ဘုရင့်နောင်တံတားပေါ် ခုန်ချထွက်ပြေး (ရုပ်သံ)
Donate to DVB

ရန်ကုန်၊ ဘုရင့်နောင်မှာ  ယာဉ် ၃ စီးကို ၀င်တိုက်ပြီး တံတားပေါ်ကာ ခုန်ချထွက်ပြေးတဲ့ ယာဉ်မောင်းတဦး ဒဏ်ရာရရှိခဲ့တာကြောင့် မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံ ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

မနေ့ညနေပိုင်းက ဖြစ်ခဲ့ပြီး ဒါကို အဲဒီနားမှာရှိတဲ့ ကားမောင်းသူတယောက်က ဗွီဒီယိုရိုက်ပြီး ဖေ့စ်ဘွတ်ခ်မှာတင်လိုက်တော့ လူပေါင်း ၃ သိန်းကျော်ဝင်ရောက်ကြည့်ရှုပြီး လူ ၉၀၀၀ လောက်က ပြန်ပြီးမျှဝေခဲ့ကြပါတယ်။

“မင်းထွက်ပြေးလို့မရအောင် wheel tax တွေ၊ license တွေသိမ်းထားမယ် ပြောပြီး ကားမှန်ရိုက်ခွဲပြီး လူကိုဆွဲထုတ်၊ ခေါင်းပါကွဲအောင်ရိုက်ပြီး ပြဿနာရှာတော့ နောက်ဆုံးတိုက်တဲ့ကောင်က တံတားပေါ်က ခုန်ချသွားရော” လို့ သူတွေ့တာကိုလည်း ရေးသားထားပါတယ်။

ကားတိုက်ခဲ့သူဟာ အသက် ၂၆ နှစ်အရွယ် အငှားယာဉ်မောင်း ကိုဇေယျာအောင်ဖြစ်ပြီး ကား ၂ စီးကို တိုက်မိလို့ မောင်းပြေးလာရာကနေ နောက်ထပ် ကားတစီးကို ထပ်တိုက်မိတာ ဖြစ်ပါတယ်။

နောက်ဆုံးတိုက်မိတဲ့ကားက နောက်ကလိုက်လို့ ဘုရင့်နောင်ကုန်းကျော်တံတားပေါ်မှာ မီလာပြီး အခုလို ဖြစ်ခဲ့တာပါ။

တံတားပေါ်က ခုန်ချခဲ့ပေယ့် ၂ ထပ်တံတားဖြစ်လို့ အောက်က တံတားပေါ်ကိုကျသွားကာ ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့က အကူအညီတောင်းလို့ မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအသင်းက သူ့ကို အင်းစိန်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013