DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းတွင် ငရုတ်သီးစိုက် တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ
DVB
·
June 29, 2019
ဝမ်းတွင်းတွင် ငရုတ်သီးစိုက် တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ
Donate to DVB

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ ငရုတ်သီးတွေကို တရုတ်နိုင်ငံသားတွေက ဈေးကောင်းပေးဝယ်ယူနေတာကြောင့် ငရုတ်စိုက်ပျိုးတောင်သူတွေ ဝင်ငွေကောင်းပြီး အဆင်ပြေနေပါတယ်။

ရိုးစုံရွာတောင်သူ ကိုစိုးဦးက "ငရုတ်သီးက ဖြိုင်ဖြိုင်တော့ မထွက်သေးဘူး။ ဖေဖော်ဝါရီလကုန်လောက်က စိုက်တဲ့သူတွေကတော့ သီးပြီပေါ့၊ တခါမှ မကြားဖူးတဲ့ဈေးပေးတယ်၊ ငရုတ်သီးအစိမ်း တတင်းကို ၄ သောင်းခွဲဈေးရတယ်၊ အရင်က တတင်းကို ၇ ထောင်ဈေးပဲရှိတယ်" လို့ ပြောပါတယ်။

ငရုတ်သီးရောင်းအဝယ်လုပ်သူ ကိုလှိုင်အေးက "၁ ပိဿာကို ၇ ထောင်ဈေး၊ တတင်းကို ၆ ပိသာခွဲလောက် အလေးချိန်ရှိတယ်၊ တတင်းကို ၄ သောင်းခွဲလောက်ပေါ့။ တရုတ်တွေ လာဝယ်ကြတယ်၊ ငရုတ်သီးအစိမ်းဆိုပြီးရောပဲ ဝယ်တယ်" လို့ ပြောပါတယ်။

ငရုတ်သီး ၁ ဧကစိုက်ပျိုးရင် ၁၀ သိန်းကနေ ၁၅ သိန်းလောက် အရင်းရှိပြီး ရက် ၁၅၀ ကျော်ရင် အသီးသီးပြီလို့ သိရပါတယ်။ ပြုစုမှုကောင်းပါက ရက် ၆၀ မှ ၉၀ အတွင်း အသီးတွေ ဆွတ်ခူးနိုင်ပါတယ်။

ငရုတ် ၁ ဧကကို တခါကောက်ရင် ၃ တင်းကနေ ၉ တင်းလောက်အတွင်း ကောက်နိုင်ပြီး အထွက်အနည်းဆုံးက တင်း ၁၅၀ လောက်ဖြစ်ပါတယ်။

အများဆုံး တင်း ၂၅၀-၃၀၀လောက်အထိ ထွက်ပြီး မိုးမရွာရင် ငရုတ်အထွက်နည်းတတ်တယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013