DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 29, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၂၁၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၂၉၀၀ ကျပ်ဈေးကွာခြားမှု ရှိပါတယ်။

 

ပဲလွန်းဖြူ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲလွန်းဖြူက ပိဿာ ၆၀ ၀င် တအိတ်ကို ၆၆၀၀၀ ကနေ ၇၂၀၀၀ ပေါက်ဈေးရှိပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းဖြူတအိတ်ကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀၀ကျပ်ဈေး ကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၁၂၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

 

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)က ပိဿာ ၆၀ ဝင်တအိတ်ကို ၉၉၀၀၀ ကနေ ၁၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ(သစ်)တအိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၁၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

 

မြေပဲလုံးဆံနီ

မန္တလေးကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီကတပိဿာကို ၃၅၀၀ ကနေ ၃၈၀၀ ပေါက်ဈေးရှိပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာ မြေပဲလုံးဆံနီတပိဿာကို ၃၂၀၀ ကနေ ၃၃၀၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၅၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

 

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအိတ်ကို ၂၄၅၀၀၀ ကနေ ၂၆၂၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေး တက်လာပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံတအိတ်ကို ၂၃၅၀၀၀ ကနေ ၂၄၀၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်မှာ ၂၂၀၀၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ

မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၅၁၀ ကနေ ၁၅၂၀ ပေါက်ဈေးရှိပြီး ၅ကျပ်ဈေး ကျဆင်းသွားပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာ စားအုန်းဆီတပိဿာကို ၁၅၇၀ ကနေ ၁၅၈၀ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၆၀ ကျပ်ဈေး ကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013