DVB Logo
Home
မြန်မာသတင်း
လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆုတောင်းပွဲပြုလုပ်
DVB
·
June 29, 2019
လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆုတောင်းပွဲပြုလုပ်
Donate to DVB

လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပပျောက်စေရေးအတွက် ဆုတောင်းပွဲတရပ်ကို လိင်စိတ်ခံယူမှု ကွဲပြားသူတွေ စုပေါင်းပြီး မုံရွာမြို့မှာ မနေ့ညက ပြုလုပ်ခဲ့ကြပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားတဲ့အပေါ်မှာ လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တချို့က အရှက်ခွဲ အနိုင်ကျင့် ခံရတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ လူငယ်တယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပပျောက်စေရေးကို ရည်ရွယ်ကာ မုံရွာမြို့ခံ လိင်စိတ်ခံယူမှုကွဲပြားသူတွေစုပေါင်းကာ ဇွန်လ ၂၈ ရက်နေ့ ညဦးပိုင်းက မုံရွာမြို့ ရွှေစည်းခုံဘုရားမှာ ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။

“ကိုကျော်ဇင်ဝင်းအပါအဝင် ဒီရက်ပိုင်းမှာ သေဆုံးသွားတဲ့ MSM လို့ပဲခေါ်ခေါ် LGBT လို့ပဲခေါ်ခေါ် ကျမတို့ရဲ့ သားသမီးတွေအတွက် ကျန်ရှိနေတဲ့သူတွေက ပြည်သူထဲက ပြည်သူတွေ ခွဲခြားနှိမ့်ချဆက်ဆံမှု ကင်းစင်တဲ့ လူ့ဘောင်တရပ်ဖြစ်အောင် လာပြီးတော့ ဆုတောင်းတာပါ။ လိင်စိတ်ခံယူမှုကွဲပြားပေမယ့် လူသားထဲက လူသားဆိုတော့ ခြုံပြောရရင် LGBT မို့လို့ဆိုပြီး လုပ်တာထက် ခွဲခြားနှိမ့်ချမှုဆက်မှုတွေ မရှိအောင် ကိုကျော်ဇင်ဝင်းရဲ့ ဖြစ်စဉ်ကို နမူနာယူပြီး အပြန်အလှန် တယောက်နဲ့တယောက် လေးစားမှုရှိစေချင်လို့ လုပ်ရတာဖြစ်ပါတယ်” လို့ ဆုတောင်းပွဲဦးဆောင်သူ မုံရွာခိုင်နှင်းဆီအဖွဲ့မှ မခိုင်က ပြောပါတယ်။

ဒီဆုတောင်းပွဲကို LGBT အရေးဆောင်ရွက်သူတွေနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေ ပါဝင်ခဲ့ကြပါတယ်။

ကိုကျော်ဇင်ဝင်းဟာ Myanmar Imperial University (MIU) ရဲ့စာကြည့်တိုက်မှူး ဖြစ်ပါတယ်။ ကိုကျော်ဇင်ဝင်းသေဆုံးတာနဲ့ ပတ်သက်လို့ Myanmar Imperial University (MIU) က သာကေတမြို့နယ် ရဲစခန်းကို အကြောင်းကြားခဲ့ပြီး အမှန်တရားပေါ်ပေါက်စေဖို့နဲ့ ဥပဒေ ဘောင်အတွင်းမှာ တရားစီရင်နိုင်ဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး MIU အနေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ လူမှုပတ်ဝန်းကျင်မှာတော့ လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ခွဲခြားတာတွေက ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ကျောင်းတွေ၊ ဈေးတွေမှာ အတွေ့ရများတယ်လို့ ဆိုပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013