DVB Logo
Home
မြန်မာသတင်း
မြန်မာရေလုပ်သား ၂ ဦး လွတ်မြောက်ရန် ဒေါ်လာ ၅ သောင်း ကုန်ကျခဲ့
DVB
·
June 29, 2019
မြန်မာရေလုပ်သား ၂ ဦး လွတ်မြောက်ရန် ဒေါ်လာ ၅ သောင်း ကုန်ကျခဲ့
Donate to DVB

ရနောင်းလူသတ်မှုနဲ့ ထောင်ဒဏ်တွေ ချမှတ်ခံရတဲ့ မြန်မာရေလုပ်သားနှစ်ဦး လွတ်မြောက်ဖို့ ၄ နှစ်အတွင်း ဒေါ်လာငါးသောင်း ကုန်ကျခဲ့တယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

ထိုင်းကျောင်းသူတဦး အသတ်ခံရမှုနဲပတ်သက်ပြီး ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ခံထားရတဲ့ စိန်ဂတုံး နဲ့ ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ်ခံထားရတဲ့ ဝေလင်း (ခေါ်) ဇော်လေး တို့ နှစ်ဦး လွတ်မြောက်ရေးအတွက်  တိုင်းဒေသအမှတ် – ၈ တရားရုံးကို အယူခံ တင်ထားရာမှာ တရားသူကြီးက အယူခံအောင်ကြောင်း ယမန်နေ့က အမိန့်ချမှတ်လိုက်တာပါ။

အဲ့ဒီအမှုမှာ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းအဖွဲ့က အဓိက ကူညီဆောင်ရွက်ပေးခဲ့တာပါ။

စိန်ကတုံးနဲ့ ဝေလင်းတို့ရဲ့ အယူခံကို ၂၀၁၈ ဧပြီလမှာ ရနောင်းမြို့ တရားရုံးကို တင်သွင်းထားတာဖြစ်ပြီး ဇွန်လ ၂၇ ရက်နေ့မှာတော့ ရနောင်းမြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပါတယ်။

ရနောင်းမြို့က အသက် ၁၉ နှစ်ရွယ် အထက်တန်းကျောင်းသူ နောင့်အက်ပဲလ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက နေအိမ်ကနေ လမ်းထိပ်သို့ထွက်လာစဉ် ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံးခဲ့ရတာပါ။

အခင်းဖြစ်ပွားချိန်မှာ လူငယ်တစုက ဘုန်းကြီးကျောင်းလမ်းကြားထဲပြေးဝင်ပြီး မြန်မာစကား တွေပါ ပြောဆိုသံကြားတယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုတဲ့အတွက် အဲဒီအနီးတ၀ိုက်က မြန်မာအလုပ်သမားလူငယ်တချို့ကို  ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ၄ ဦးကို လူသတ်မှုနဲ့ ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် လူငယ်တွေဟာ အမှုကို အမှန်တကယ်ကျူးလွန်ခြင်းမရှိဘဲ မတရား စွပ်စွဲဖမ်းဆီးခံထားရကြောင်း မိဘတွေက လာရောက်အကူအညီတောင်းခဲ့ပြီး မကျူးလွန်ဘူးဆိုတာကို လေ့လာသိရှိရတဲ့အတွက် ထိုင်းတောင်ပိုင်း အခြေစိုက်  ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ခံရတဲ့ လူငယ် ၄ ဦးအနက် မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ နှစ်ဦးမှာ အသက် ၁၈ နှစ်အောက်လူငယ်တွေဖြစ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက လွတ်မြောက်ခဲ့ပါတယ်။

မြန်မာလုပ်သားလေးဦးအမှု ကိစ္စနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ်အားလုံးကို မက်စ်မြန်မာ ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး ရနောင်းမြို့မှာ ဖမ်းဆီးခံထားရတဲ့  မြန်မာလုပ်သားတွေ အမှုစတင်ဖြစ်ပွားကတည်းက ကူညီပေးနေသူ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကလည်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကတော့ ထိုင်းတရားရုံးချုပ်မှာ အယူခံတင်ထားပေမယ့် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013