DVB Logo
Home
မြန်မာသတင်း
ရေကြီးရေလျှံမှုကြောင့် ဆဒုံးတံတား နိမ့်ဆင်း၊ လမ်းပိုင်း မြေပြိုမှုများဖြစ်
DVB
·
June 28, 2019
ရေကြီးရေလျှံမှုကြောင့် ဆဒုံးတံတား နိမ့်ဆင်း၊ လမ်းပိုင်း မြေပြိုမှုများဖြစ်
Donate to DVB

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တောင်ကျချောင်းရေကြောင့် ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ဆဒုံးတံတား နိမ့်ဆင်းသွားတာကြောင့် ကားကြီးတွေ ဖြတ်သန်းသွားလာလို့မရသလို လမ်းပိုင်းမြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့မှာ ဇွန်  ၂၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့မနက်ပိုင်းမှာ တောင်ကျချောင်းရေကြောင့် ဈေးမှာရေ၀င်ပြီး နုန်တွေကြောင့် ဈေးဆိုင်ခန်းတချို့ ပျက်စီးခဲ့တယ်လို့ အဲဒီကိုသွားရောက်ခဲ့တဲ့ ၀ိုင်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့ည မိုးရွာလို့ မနေ့ကမနက် ချောင်းရေတခါတည်းလျှံလာပြီး ဆဒုံးမြို့ရဲ့ဈေး၊ အဲဒီအောက် နည်းနည်းမြေနှိမ့်တဲ့ဈေးမှာ ရေ၀င်ပြီး နုန်းတွေ တင်သွားတာပါ။ ၂ ပေလောက်တင်သွားတာ။ အဲဒီဘေးမှာ တံတားက ချိုင့်တွေ ဖြစ်ပွားသွားတော့ အလယ်က နိမ့်သွားတယ်။”

ဒါ့အပြင် ၀ိုင်းမော်နဲ့ ဆဒုံးလမ်းပိုင်း ၁၀ နေရာလောက်နဲ့ ဆဒုံးနဲ့ကန်ပိုင်တီလမ်းပိုင်းလည်း ၁၀ နေရာလောက် မြေပြိုမှုဖြစ်ပွားခဲ့ပါတယ်။

ဒါပေမယ့် မနေ့က လမ်းပြတ်တောက်မှု မရှိအောင် သက်ဆိုင်ရာဌာနတွေနဲ့ ရှင်းလင်းပေးခဲ့တယ်လို့လည်း ဦးလဂန်ဇယ်ဂျုံးက ပြောပါတယ်။

“လမ်းလည်းပြိုပါတယ်။ ဒါပေမယ့် ကျနော်တို့ မနေ့က ချက်ချင်းလမ်းပေါက်သွားအောင် တခါတည်း အားလုံးသက်ဆိုင်ရာဌာနတွေကို ခေါ်ပြီးမှ ကျနော်တို့ကိုယ်တိုင်ပါပြီး အုပ်ချုပ်ရေးမှူးတွေနဲ့ တခါတည်း အပြီးရှင်းပြီးပါပြီ။ ဆဒုံးနဲ့ဝိုင်းမော်ကြားကိုတော့ ၁၀ နေရာလောက်ပြိုပါတယ်၊ အသေးအကြီး အားလုံးပေါင်းပေါ့။ ဒါပေမယ့် တချို့ဟာက သိပ်ကြီးကြီးမားမား ကားဖြတ်လို့မရတဲ့အထိတော့ မဟုတ်ပါဘူး။ တချို့က သေးသေးလေးတွေပဲ။”

ဒါ့အပြင် လက်ရှိ ဆဒုံဖြတ်တံတားဟာ အလယ်နှိမ့်သွားတဲ့အတွက် ကားကြီးတွေ ဖြတ်သန်းလို့ မရတဲ့အနေအထားမှာ ရှိနေပါတယ်။

မနက်ဖြန် ဆဒုံးမြို့ကို ၀န်ကြီးချုပ်သွားရောက်ဖို့ရှိတဲ့အတွက် တင်ပြစရာရှိာတွေ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

အဆိုပါဒေသမှာ မိုးရာသီ မြေပြိုပြီး တောင်ကျရေကြောင့် အခုလိုအနေအထားတွေ ဖြစ်ပွားလေ့ရှိပြီး မနေ့က ဖြစ်စဉ်မှာတော့ အနည်းငယ်ပျက်စီးသွားတာတွေ ရှိပေမယ့် လူအသေအပျောက်မရှိဘူးလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013