DVB Logo
Home
မြန်မာသတင်း
‘သခင်’ သီချင်းကို ဒီဗွီဘီစတီဒီယိုထဲမှာ သီဆိုပြသွားတဲ့ ပေါလ်အော်စတင် (ရုပ်သံ)
DVB
·
June 28, 2019
‘သခင်’ သီချင်းကို ဒီဗွီဘီစတီဒီယိုထဲမှာ သီဆိုပြသွားတဲ့ ပေါလ်အော်စတင် (ရုပ်သံ)
Donate to DVB

“သီချင်းတွေထဲမှာ မင်းအမြဲရှိနေတယ်… ကိုယ့်ရဲ့အတွေးတွေ မင်းပဲ ဖြစ်နေရမယ် … ခံစားချက်တိုင်းကို ဖန်ဆင်းပေးမယ့်သူ… ဘ၀တစ်ခုလုံးမှာ မင်းပဲကိုယ့်သခင်ဖြစ်မယ်”ဆိုတဲ့ စောခူဆဲ ရေးသားပြီး  ဆုန်သင်းပါရ် သီဆိုနာမည်ကြီးခဲ့တဲ့ ‘သခင်’ သီချင်းကို ပေါလ်အော်စတင်က ဒီဗွီဘီရဲ့ စတီဒီယိုထဲမှာ လာရောက် သီဆိုပြသွားပါတယ်။

ပေါလ်အော်စတင်ဟာ ကျင်းပပြီးစီးခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို နိုဗန်ထူး၊ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့နဲ့ အတူ တက်ရောက် နိုင်ခဲ့တဲ့ နောက်ဆုံး ဆန်ကာတင် ပြိုင်ပွဲဝင် လေးဦးထဲက တဦးဖြစ်ပါတယ်။

လားရှိုးမြို့ဇာတိ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Paul Austin ဟာ The Voice Thailand မှာလည်း ကြိုးစားယှဉ်ပြိုင်ခဲ့ဖူးပြီး ဘာသာစကားအခက်အခဲကြောင့်  မြန်မာပြည်ကို ပြန်လာပြီး ပြိုင်ပွဲဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ပေါလ်အော်စတင်ဟာ Blind Audition အဆင့်မှာတော့ နာမည်ကြီး အဆိုတော် Adele ရဲ့ When We Were Young သီချင်းနဲ့ ယှဉ်ပြိုင်သွားခဲ့ပြီး Coach ၄ ယောက်စလုံးကို နောက်ပြန်လှည့်ကြည့်စေနိုင်အောင် အဆိုစွမ်းပြနိုင်ခဲ့ပြီး Coach R.ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

နောက်တဆင့်ဖြစ်တဲ့ Battle Round မှာတော့ အဆိုတော် Calum Scott ရဲ့ You Are The Reason သီချင်းနဲ့ နောက်တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။ KnockOut Round မှာတော့ အဆိုတော် R. ဇာနည် သီဆိုခဲ့တဲ့ နောက်ဆုံးရင်ခွင်သီချင်း နဲ့ အစွမ်းပြခဲ့ပြန်ပါတယ်။

Liveshow အဆင့်ပြိုင်ပွဲမှာတော့ ပေါလ်အော်စတင်ဟာ အဆိုတော် ဖိုးကာရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ လမ်းခွဲနဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ တာပါ။

ဆီမီးဖိုင်နယ်အဆင့် ပြိုင်ပွဲမှာတော့ သူက အဆိုတော် Rachel Platten ရဲ့ သီချင်း တပုဒ်ဖြစ်တဲ့ Fight Song သီချင်းနဲ့ ယှဉ်ပြိုင်ကာ အဖွဲ့ထဲက ပြိုင်ဘက်လင်းခက်ကို ဖြတ် ကျော်ပြီး နောက်ဆုံး ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

နောက်ဆုံးဖိုင်နယ်အဆင့်မှာ ခက်ခဲတဲ့ သီချင်းအမျိုးအစားတပုဒ်ဖြစ်တဲ့ သခင်သီချင်းနဲ့ ပေါလ်အော်စတင်ရဲ့ သီဆိုဖျော်ဖြေဟန်ဟာ Coach တွေကိုရော ပရိသတ်တွေကိုပါ ဆွဲဆောင်ထားနိုင်ခဲ့တာကို တွေ့ရပါတယ်။

နောက်ဆုံး ဆန်ကာတင် ၄ ယောက်ထဲက Top 2 အဖြစ် ရွေးချယ်ကြေညာချိန်မှာတော့ မိန်းကလေး ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်တဲ့ ဟေဇယ်လ်နဲ့ မယ်လိုဒီခေါင်တို့ ကျန်နေခဲ့ပြီး ပေါလ်အော်စတင်နဲ့ နိုဗန်ထူးတို့က မဲအများဆုံး ရရှိခဲ့ပါတယ်။

အဲဒီနောက် ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ Winner ဆုရှင်ကို ကြေညာလိုက်ချိန်မှာ တော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးက ဆွတ်ခူးရရှိသွားခဲ့ပြီး ပေါလ်ကတော့ ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013