DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် စက်လှေ၂ စီး တိုက်မိသဖြင့် ၁ ဦးပျောက်ဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
June 28, 2019
မော်လမြိုင်ကျွန်းတွင် စက်လှေ၂ စီး တိုက်မိသဖြင့် ၁ ဦးပျောက်ဆုံး၊ ၂ ဦး ဒဏ်ရာရ
Donate to DVB

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ ပဲ့ထောင်စက်လှေ ၂ စီး တိုက်မိတာကြောင့် အမျိုးသမီး ၁ ဦး ရေနစ်ပျောက်ဆုံးနေပြီး ကျောင်းသူကျောင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ဝဲစုချောင်းကျေးရွာ ဝဲစုချောင်းအတွင်းမှာ ဇွန် ၂၇ ရက် မနက် ၈ နာရီခွဲလောက်က စိုးမင်းသူ မောင်းနှင်ပြီး မင်းမင်းကို လိုက်ပါလာတဲ့ ပဲ့ထောင်စက်လှေနဲ့ နိုင်လင်းခိုင် မောင်းနှင်ပြီး မြွေပေါက်ကျေးရွာနေ ကျောင်းသူကျောင်းသားတွေအပါအ၀င် လူ ၂၁  ဦး လိုက်ပါလာတဲ့ ပဲ့ထောင်စက်လှေတို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့တာပါ။

စက်လှေ ၂ စီး တိုက်မိတာကြောင့် အေးမြတ်မွန် (၃၀) နှစ်ဟာ ချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးသွားပြီး ကျောင်းသား/သူ ကလေးငယ် ၂ ဦးတို့ ရင်ဘတ်၊ ခြေသလုံး၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲ နာကျင်ဒဏ်ရာတွေ (မစိုးရိမ်ရ) ရရှိခဲ့လို့ မော်လမြိုင်ကျွန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသထားပါတယ်။

စက်လှေမောင်း စိုးမင်းသူနဲ့ နိုင်လင်းခိုင်တို့ ၂ ဦးအား ကျိုက်ပိနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၃၇ (ရေယာဉ်အား ပေါ့လျော့စွာ မောင်းနှင်မှု၊ ပေါ့လျော့မှုကြောင့် သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013