DVB Logo
Home
မြန်မာသတင်း
ICT ခန်းဟု အမည်တတ်ထားပေမယ့် ကွန်ပျူတာမရှိဟု ပညာရေးဝန်ကြီးပြော
DVB
·
June 28, 2019
ICT ခန်းဟု အမည်တတ်ထားပေမယ့် ကွန်ပျူတာမရှိဟု ပညာရေးဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံအတွင်းက ကျောင်းသားကျောင်းသူတွေအနေနဲ့ နိုင်ငံတကာ ကျောင်းသားတွေလို ကွန်ပျူတာအသုံးပြုနိုင်ခြင်းမရှိတဲ့အပြင် ဂဏန်းတွက်စက်ကိုပင် အသုံးပြုမပြုတတ်ဘဲ အထက်တန်းအဆင့်ပညာရေးကို သင်ကြားနေကြရတယ်လို့ ပညာရေး ပြည်ထောင်စုဝန်ကြီးက ဝန်ခံပြောပါတယ်။

ဇွန်လ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ICT For Education Forum အခမ်းအနားမှာ ပညာရေး ဝန်ကြီးက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာပါ။

“ICT in Education၊ ICT oF Education၊ ICT For Education နိုင်ငံအများစုက ICT in Education အဲတော့ ICT ကို ပညာရေးမှာ အသုံးချမယ်။ ကျနော်တို့မှာ ၁၉၉၈ ဝန်းကျင်လောက်က တက္ကသိုလ်တွေ အကုန်လုံးမှာ ကွန်ပျူတာတွေကို အဟုတ်အောက်မေ့လို့ လိုက်ကြည့်တယ်။ တော်ကြာနေ ဖြုတ်သွားတယ်။ နောက်တကျောင်းလိုတဲ့နေရာမှာ သွားတပ်ပြီးတော့လုပ်တယ်။ ဒါနဲ့ပဲ ချာလပတ်ရမ်းပြီးတော့ ထပ်ပီးတော့လည်း မဖြည့်ဘူး။ ထပ်လည်းမပြင်ပေးနိုင်တော့ ဒီကွန်ပျူတာတွေက ပျက်နေပြီ။ ကျောင်းတွေမှာလည်း ရှိတဲ့အခန်းက ICT ခန်းလို့သာ တပ်ထားပြီး ကွန်ပျူတာက မရှိဘူး။ အဲတော့ ICT လို့ ပြောရင် တကယ် ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အဝေးကြီးပါ။ ကျောင်းမှာ အထက်တန်းကျောင်းသားကျောင်းသူက Calculator တောင် မသုံးတတ်ဘူး။  Calculator နဲ့ Scientific Calculator ကိုတောင် မသုံးတတ်သေးတဲ့အချိန်မှာ ICT in Education ဆိုတာသည် မြန်မာနိုင်ငံအတွက် အဝေးကြီးပါ” လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိန်းကြီးက ပြောဆိုလိုက်တာပါ။

အဲဒီအတွက် ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်အတွက် အရေးတကြီးလိုအပ်နေတဲ့ သင်ကြားရေး ဆရာဆရာမ အလုံအလောက်ထားရှိနိုင်ရေးနဲ့ ဒုတိယဦးစားပေးလုပ်ငန်းအဖြစ် ကျောင်းဆောင်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေကို ဦးစားပေးဆောင်ရွက်နေရပေမယ့် ICT ပညာရေးစနစ်အတွက် အနာဂတ်ကာလ ကျောင်းသား ကျောင်းသူတွေကို ကွန်ပျူတာအသုံးပြုနိုင်မှု ပိုမိုရရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့လည်း ဆိုပါတယ်။

အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013