DVB Logo
Home
မြန်မာသတင်း
တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပ
DVB
·
June 28, 2019
တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ရန်ကုန်တွင် ကျင်းပ
Donate to DVB

တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာပညာရေးပြပွဲ ၂၀၁၉ ကို ဇွန် ၂၈ ရက်ကနေ ၃၀ ရက်အထိ ရန်ကုန်မြို့တပ်မတော်ခန်းမမှာ ကျင်းပနေပါတယ်။

ပြပွဲမှာတော့ ပြည်တွင်းပြည်ပက တက္ကသိုလ်ကောလိပ်၊ အသက်မွေးဝမ်းကျောင်ဆိုင်ရာ သင်တန်းကျောင်းတွေ၊ နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းတွေ၊ အင်ဂျင်နီယာနဲ့ ဆေးပညာဆိုင်ရာ သင်တန်းကျောင်းတွေက ပါဝင်ပြသကြမှာဖြစ်ပါတယ်။

အဲဒီကျောင်းတွေကနေ ပညာရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေးဝန်ဆောင်မှုတွေနဲ့ ကျောင်းသားလူငယ်တွေအတွက် ပညာရေးအသိပညာပေးတာတွေကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Pre School အဆင့်ကနေစပြီး အပြည်ပြည်ဆိုင်ရာကျောင်းတွေအထိ ထိတွေ့တက်ရောက်နိုင်မယ့် ပညာရည်ချွန်ထောက်ပံ့ကြေး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝရရှိနိုင်မယ့် အခွင့်အလမ်းကောင်းတွေပါ လျှောက်ထားနိုင်မှာလည်း ဖြစ်ပါတယ်။

တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲမှာတော့ ကုမ္ပဏီ ၆၀ ကနေ ဆိုင်ခန်းပေါင်း ၈၀ ကို ပြသနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013