DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 28, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ပေါ်ဆန်း (ဆန်)

မြောင်းမြကုန်စည်ဒိုင်မှာ ပေါ်ဆန်း (ဆန်) တအိတ်ကို ၄၁၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်ကုန်စည်ဒိုင်မှာ ပေါ်ဆန်း (ဆန်) တအိတ်ကို ၄၄၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မြောင်းမြနဲ့ ပုသိမ်ကုန်စည်ဒိုင် ၃၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၂၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၇၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲတီစိမ်း

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက ၅၆ ဒသမ ၂၅ ပိဿာဝင်တအိတ်ကို ၉၃၆၀၀ ကနေ ၁၁၉၂၀၀ အထိ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်းတအိတ်ကို ၈၅၀၀၀ ကနေ ၉၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၂၁၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင်တအိတ်ကို ၁၀၀၀၀၀ ပေါက်ဈေးရှိပါတယ်။ အောင်လံကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) တအိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် ၁၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ (ဗွီတူး)

မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) က ၅၇ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲ (ဗွီတူး) တအိတ်ကို ၈၀၁၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် ၉၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲထောပတ်

မန္တလေးကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၉၃၀၀၀ ကနေ ၁၀၀၀၀၀ အထိ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲထောပတ်တအိတ်ကို ၈၄၀၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင် ၁၆၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013