DVB Logo
Home
မြန်မာသတင်း
သာဒီးလူ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားသည့် သီချင်း-အိပ်မက်မဉ္ဇူရီ(ရုပ်သံ)
DVB
·
June 28, 2019
သာဒီးလူ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆိုထားသည့် သီချင်း-အိပ်မက်မဉ္ဇူရီ(ရုပ်သံ)
Donate to DVB

“အရင်ဒဏ်ရာတွေတောင် မကျက်သေးဘူး… ငါ့ဆီမှာ နင့်ရဲ့ အမှတ်တရများ… စိတ်ထောင်းလို့ ကိုယ်ကြေ… အမာရွတ်အပြည့်နဲ့ ဒီ နာကျင်နေတဲ့ နှလုံးသားမှာ… ခံနိုင် ရည်မရှိဘူး ငါ့ရဲ့ အသည်းဟာ ဟူး… မင်းရဲ့ ရှေ့မှောက်ဒူးထောက်… မာယာတွေ တပုံ တပင်ကြီးနဲ့ ရက်စက်တတ်တယ်… နင်ဟာ အိပ်မက်ဆိုးပါ။”

ဒါကတော့ ပရိသတ်အချစ်တော် တေးသံရှင် သာဒီးလူရဲ့ သီချင်းတပုဒ်ထဲက  သီချင်းစာသားတွေဖြစ်ပြီး အိပ်မက် မဉ္ဇူရီလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ သူကိုယ် တိုင်ရေးပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့တာ ဖြစ်ပါတယ်။

“ဘယ်လိုမှ မေ့မရဘူး… အရိပ်ဆိုးများ… အတိတ်ကို ခြောက်လှန့်ဆဲ… အာခေါင်တွေ ကွဲအက်ကာ… နင် ၀င်လာပြီ… အို… ၀ိုး… မဉ္ဇူရီ… အိပ်မက်မဉ္ဇူရီ… လှပသော နှုတ်ခမ်းဖျားထက်က အဖြူရောင် သွေးစက်များရယ်။”

ကိုယ်ပိုင်သီချင်းစာသား အလန်းတွေနဲ့ အားမန်ပါပါ သီဆိုလေ့ရှိတဲ့ သာဒီးလူရဲ့ သီ ချင်းတွေဟာ လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေပြီး ပြည့်တန်ဆာ၊ လိုသလိုသုံး၊ ရန်သူတော်ခြောက်ပါးစတဲ့ သီချင်းတွေနဲ့အတူ ဟစ်ဟော့ပ်အဆိုတော် J-Me နဲ့ ထူးထူးခြားခြား တွဲဖက်သီဆိုထားတဲ့ ဂျူဒီသီချင်းဟာလည်း လူကြိုက်များတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

လူမှုပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေကျဖြစ်တဲ့ အခြေအနေတွေ၊ ခံစားချက်တွေနဲ့ ထင်ဟပ်တဲ့ သီချင်းတွေ သီဆိုလေ့ရှိတဲ့ သာဒီးလူဟာ လက်ရှိအချိန်ထိ ပြယုဂ်၊ ကျွန် တော်ရူးနေသည် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၂ ချပ်ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။

“အို… ၀ိုး… မဉ္ဇူရီ… အိပ်မက်မဉ္ဇူရီ… လှပသော နှုတ်ခမ်းဖျားထက်က အဖြူရောင် သွေးစက်များရယ်… အို… ၀ိုး… မဉ္ဇူရီ… အိပ်မက်မဉ္ဇူရီ… ခြောက်ခြားစရာ အိပ် မက်က နင့်ရဲ့ လက်နက်နဲ့ မီး… အို… ၀ိုး… မဉ္ဇူရီ”

ဒီသီချင်းကိုတော့ Tay Than Thar အမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တာ ဖြစ်ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

“သာဒီးလူ ရဲ့ ‘အိပ်မက်မဉ္ဇူရီ’ တင်ပေးပါ တင်ပေးပါ နဲ့.. comment တွေမှာရော chat box မှာရော တောင်းဆိုကြလွန်းလို့ TTT ပရိသတ်တွေ စိတ်အလိုကျအတိုင်းပဲ full lyric video ကို တင်ပေးလိုက်ပါပြီနော်”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013