DVB Logo
Home
မြန်မာသတင်း
အထူးဒေသ ၄ မိုင်းလားတွင်  ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်လှစ်
DVB
·
June 28, 2019
အထူးဒေသ ၄ မိုင်းလားတွင်  ငြိမ်းချမ်းရေးကျောက်တိုင် ဖွင့်လှစ်
Donate to DVB

အထူးဒေသ ၄ မိုင်းလားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ ကျင်းပပြုလုပ်မယ့် ငြိမ်းချမ်းရေးနေ့ နှစ် ၃၀ ပြည့်အခမ်းအနားအတွက် ငြိမ်းချမ်းရေးကျောက်တိုင်ဖွင့်ပွဲကို ဒီနေ့ဖွင့်လှစ်လိုက်ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် လူထု ချီတက်ပွဲအခမ်းအနားအတွက်လည်း ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။

ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် ငြိမ်းချမ်းရေးပွဲမှာ တိုင်းရင်းသားတွေ လူမျိုးစုတွေနဲ့အတူ အထူးဒေသ ၄ က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ ချီတက်မှာဖြစ်ပါတယ်။ ဒေသနဲ့ ဌာနဆိုင်ရာတွေရဲ့ အလှပြကား အစီး ၂၀ လည်း ချီတက်ပွဲမှာ ပါဝင်မှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေလည်း မနေ့ကရောက်ရှိနေပြီဖြစ်ပါတယ်။

အခုငြိမ်းချမ်းရေးပွဲတော် ခရီးစဉ်အတွင်းမှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အလွတ်သဘော တွေ့ဆုံမှုတွေ ရှိမယ်လို့ သိရပါတယ်။

၁၉၉၈ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီလက်အောက်မှာရှိတဲ့ ဆီလူးဒေသ တာဝန်ရှိသူတွေက အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့ပြီး အထူးဒေသ ၄ အဖြစ် ရပ်တည်ခဲ့တာပါ။

မိုင်းလား အထူးဒေသ ၄ ဟာ အကျယ်အဝန်း စတုရန်းမီတာ ၅၀၀၀ လောက်ရှိပါတယ်၊ ရှမ်း၊ အာခါ တိုင်းရင်သားတွေ အများစုနဲ့ လူဦးရေ ၁ သိန်း ၃ သောင်း ဝန်းကျင်ရှိပါတယ်။

မိုင်းလား အထူးဒေသ ၄ မှာ သတ္တုတွင်းလုပ်ငန်း၊ ရေအားလျှပ်စစ်၊ နယ်စပ်ကုန်သွယ်ရေးဂိတ်၊ လောင်းကစားရုံတွေကရတဲ့ ဝင်ငွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

စောလှမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013