DVB Logo
Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ် နေအိမ်တလုံးတွင် ရွှေ၊ ငွေ ပစ္စည်းများ  ၀င်ခိုးသူအား ဖမ်းမိပြီ
DVB
·
June 28, 2019
ချမ်းမြသာစည်မြို့နယ် နေအိမ်တလုံးတွင် ရွှေ၊ ငွေ ပစ္စည်းများ  ၀င်ခိုးသူအား ဖမ်းမိပြီ
Donate to DVB

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ ငွေ၊ ရွှေထည်ပစ္စည်းတွေ၊ ကျောက်တွေကို နေအိမ်အတွင်းဝင်ရောက်ခိုးယူသူအား ဖော်ထုတ်အရေးယူထားတယ်လို့ ပြည်ထဲရေးက မနေ့က ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်နေ ဦးကျော်ကျော်ထွန်းဟာ ဇွန်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲလောက် နေအိမ်အဝတ်ဘီရိုအတွင်းမှ မြန်မာငွေ စက္ကူရောရာ (၈) သိန်းကျပ်၊ မိုးကုတ်ပတ္တမြားအပြာရောင်ကျောက်ပါ ရွှေနားကပ် ၁ ရံ၊ အနီရောင် ကျောက်ပါ ရွှေနားကပ် ၁ ရံ၊ ရွှေအိုးလော့ကတ်သီး ၁ ခု၊ ရွှေဆွဲကြိုး ၁ ကုံး၊ ပလက်တီနမ်းရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်စိမ်းပါ ရွှေလက်စွပ် ၁ ကွင်း၊ စုစုပေါင်း တန်ဖိုးငွေ ၃,၄၇၀,၀၀၀ ဖိုး ပျောက်ဆုံးသွားလို့ ခိုးယူသူအား စုံစမ်းဖော်ထုတ်အရေးယူပေးဖို့ တိုင်တန်းချက်အရ အောင်ပင်လယ်နယ်မြေရဲစခန်းက (ပ)၄၀၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါတယ်။

အမှုစစ်အဖွဲ့က အခင်းဖြစ် နေအိမ်အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းအားကြည့်ရှုခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ အသက် (၂၆/၂၇) နှစ်အရွယ် အမျိုးသားလူငယ် ၁ ဦးဖြစ်ပြီး လမ်း ၆၀ အတိုင်းမြောက်ဘက်ကို ထွက်ခွာသွားကြောင်း သတင်းအရ လိုက်လံဖမ်းဆီးခဲ့ရာ ၂၆×၆၀ လမ်းထောင့်မှာ အဆိုပါလူငယ်အား လွယ်အိတ်တလုံးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးရာ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာနေ အောင်ထွေး ၂၇ နှစ် ဖြစ်ကြောင်းသိရပြီး လွယ်အိတ်အတွင်းမှ ဦးကျော်ကျော်ထွန်းပျောက်ဆုံးသွားတဲ့ ငွေ၊ ရွှေထည်ပစ္စည်းတွေနဲ့ ကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အောင်ထွေးရဲ့ ထွက်ဆိုချက်အရ ဇွန် ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ လက်သမားအဖွဲ့နဲ့အတူ ဦးကျော်ကျော်ထွန်းရဲ့ နေအိမ်မှာ သွပ်မိုး နေအိမ် ခြံစည်းရိုး ကာရံတာတွေလုပ်ဆောင်ခဲ့ပြီး ဇွန် ၂၄ ရက်နေ့ နေအိမ်မှာ လူမရှိတဲ့အချိန် ဝင်ရောက်ခိုးယူခဲ့တာလို့ သိရပါတယ်။

နေအိမ်အတွင်း ရွှေငွေပစ္စည်းတွေ ၀င်ရောက်ခိုးယူတဲ့ အောင်ထွေးကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013