DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို  မြန်မာနိုင်ငံက ထပ်လောင်းကတိပြု လက်မှတ်ထိုး
DVB
·
June 27, 2019
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို  မြန်မာနိုင်ငံက ထပ်လောင်းကတိပြု လက်မှတ်ထိုး
Donate to DVB

ကုလသမဂ္ဂထူထောင်ခြင်း (၇၅) နှစ်မြောက် နှစ်ပတ်လည်အကြို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ထပ်လောင်းကတိကဝတ်ပြုတဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးလိုက်ပါတယ်။

၂၀၂၀ ခုနှစ်ဟာ ကုလသမဂ္ဂထူထောင်ခြင်း (၇၅)နှစ်မြောက် နှစ်ပတ်လည်ဖြစ်တဲ့အတွက် နှစ်ပတ်လည်အကြို ကုလသမဂ္ဂပဋိညာဉ်စာတမ်း ထပ်လောင်းအတည်ပြုတဲ့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်က နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တာပါ။

ဒီအခမ်းအနားကို မြန်မာနိုင်ငံကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်း တက်ရောက်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ထပ်လောင်းအတည်ပြု ပါဝင်လက်မှတ်ရေးထိုးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

အလားတူ အဆိုပါအခမ်းအနားမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ပါဝင်လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။

ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ၁၉၄၅ ခုနှစ်၊ ဇွန် ၂၆ ရက်က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုမြို့မှာ နိုင်ငံပေါင်း ၅၀ က လက်မှတ်ရေးထိုးခဲ့ပြီး ကုလသမဂ္ဂအဖွဲကြီးကို ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်မှာ ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

သတင်း-ဓာတ်ပုံ- MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013