DVB Logo
Home
မြန်မာသတင်း
ဆံရစ်ဝိုင်းကလေးများကို  အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ၊ ပညာဆက်သင်ကြရန်တိုက်တွန်း 
DVB
·
June 27, 2019
ဆံရစ်ဝိုင်းကလေးများကို  အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ၊ ပညာဆက်သင်ကြရန်တိုက်တွန်း 
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေဘုတ်ကြီးကျေးရွာက ကလေးငယ်တွေဟာ လေးတန်းအောင်ရင် ကျောင်းထွက်ကြတာများတဲ့အတွက် ပညာဆက်လက်သင်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။

ဆံရစ်ဝိုင်းနဲ့ မိန်းကလေးတွေအများဆုံးရှိတဲ့ ရေဘုတ်ကြီးကျေးရွာကို ဒီကနေ့ ဇွန် ၂၇ ရက်က ရောက်ရှိလာတဲ့ နိုင်ငံတော်အတိုင်ပင်ခံက တိုင်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီရွာက ကလေးငယ်တွေ ပညာဆက်လက်သင်ဖို့ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကူညီပေးဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားသွားပါတယ်။

မကွေးတိုင်းတခုလုံးမှာ  အလယ်တန်းကျောင်းအတွက် ရန်ပုံငွေ သိန်း ၅၀၀၀ ကျော်ရတာ ဒီရွာကျောင်းတကျောင်းပဲရှိပြီး အခုအခါ ကျောင်းဆောက်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာရေချိုတွင်းနဲ့ ရွာလမ်းတွေအတွက်လည်း အလှူရှင်တွေရပြီလို့ မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောပါတယ်။

ရေဘုတ်ကြီးကျေးရွာဟာ အိမ်ခြေ ၆၅၀ ကျော်ရှိပြီး လူဦးရေ ၃၀၀၀ကျော်ပါရှိပါတယ်။  အဲဒီရွာမှာ ယောက်ျားလေး ယောင်ပေစူးနဲ့ မိန်းကလေးဆံရစ်ဝိုင်း လူဦးရေ ၆၀၀ ကျော်လောက်ရှိပြီး  တနိုင်ငံလုံးမှာ ဆံရစ်ဝိုင်း အများဆုံးရှိတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013