DVB Logo
Home
မြန်မာသတင်း
ဇနီးမောင်နှံအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ​သေဒဏ်​နှင့်​ထောင်​ဒဏ်​ ချမှတ်
DVB
·
June 27, 2019
ဇနီးမောင်နှံအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ​သေဒဏ်​နှင့်​ထောင်​ဒဏ်​ ချမှတ်
Donate to DVB

မန္တလေးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် တရားခံ ခွန်ကောလားကို မန္တလေးခရိုင်တရားရုံးက ဇွန်​လ ၂၇ ရက်​​ ​နေ့လယ်ပိုင်းမှာ ​သေဒဏ်​အပြင် အလုပ်​ကြမ်းနဲ့ ထောင်​ဒဏ်​ ၁၀ နှစ်​ အမိန့်ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ် ၁၃ ရက် မနက် ၁၁ နာရီခွဲလောက်က ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနဲ့ မနော်ဟရီလမ်းတောင်ဘက်၊ ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းကြား လမ်းမပေါ်မှာ ဆိုင်ကယ်စီးလာတဲ့ ဇနီးမောင်နှံနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မျက်နှာချင်းဆိုင် ဆိုင်ကယ်စီးနင်းလာတဲ့ လီလျှံခွမ်း(ခေါ်)ကိုဇော်လင်းနဲ့ ဇနီးဖြစ်သူ မယွမ်ဖိန်း (ခေါ်) မဟော်လောက်ဖိန်းတို့ စီးနင်းလာတဲ့ ဆိုင်ကယ်ရှေ့ကနေပိတ်ရပ်ပြီး လက်ထဲမှာ အသင့်ပါလာတဲ့ ပစ္စတိုနဲ့ လေးချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တာပါ။

လီလျှံခွမ်း(ခ)ကိုဇော်လင်းရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာတချက်၊ ဝဲဘက်နံဘေးမှာ သေနတ်ဒဏ်ရာတချက် ရရှိခဲ့ပြီး မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်။

သူ့ရဲ့ ဇနီးဖြစ်သူ ဒေါ်ယွမ်ဖိန်း(ခေါ်) မဟော်လောက်ဖိန်းကတော့ အခင်းဖြစ်နေရာမှာပဲ ဝဲဘက်နားထင်သေနတ်ဒဏ်ရာတချက်ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီအတွက် ခွန်ကောလားကို ကန်​သာယာရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးက တရားလိုပြုလုပ်​ပြီး တရားစွဲဆိုခဲ့ရာ ၂၀၁၉ ခုနှစ်​ ​ဖေ​ဖော်ဝါရီ ၁၄ ရက်​​က ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂(၁)(ဂ)၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၉၂/ ၃၉၇ စွဲချက်​တင်​ခဲ့ပြီး ဇွန်​လ ၂၇ ရက်​​ ​နေ့လယ်​ပိုင်းမှာတော့ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂(၁)(ဂ)အရ ​သေဒဏ်​နဲ့ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၉၂/ ၃၉၇ အရ အလုပ်​ကြမ်းနှင့်​ ​ထောင်​ဒဏ်​ ၁၀ နှစ်​ချမှတ်​ခဲ့တာလည်း ဖြစ်ပါတယ်။

အခုလို သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်​သက်​ပြီး ခွန်​​ကောလားဘက်​ကနေ အယူခံတက်​လိုတဲ့ ဆန္ဒရှိပါက ဆက်လက်ဆောင်​ရွက်​​ပေးသွားမယ်လို့ သူ့ရဲ့​ရှေ့​နေအဖြစ်​ လိုက်​ပါ​ဆောင်​ရွက်​​ပေးနေ တဲ့ တရားလွှတ်​​တော်​​ရှေ့​နေ ဦးခင်​​မောင်​မြင့်​က​ပြောပါတယ်။

ဒါ့အပြင် ခွန်​​ကောလားကို ချမ်းမြသာစည်​မြို့နယ်​ တရာရုံးကလည်း လက်​နက်​ဥ​ပေဒပုဒ်​မ ၁၉ (စ) နဲ့ သီးခြား ​ထောင်​ဒဏ်​ ၃ နှစ်​ချမှတ်​ထားတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013