DVB Logo
Home
Lead Story
ဂျပ်ဆင်ထိပ်ကလရိပ်ပြာသီချင်းကို ဒီဗွီဘီ စတီဒီယိုမှာ သီဆိုပြခဲ့တဲ့ မယ်လိုဒီခေါင် (ရုပ်သံ)
DVB
·
June 27, 2019
ဂျပ်ဆင်ထိပ်ကလရိပ်ပြာသီချင်းကို ဒီဗွီဘီ စတီဒီယိုမှာ သီဆိုပြခဲ့တဲ့ မယ်လိုဒီခေါင် (ရုပ်သံ)
Donate to DVB

The Voice Myanmar Season 2 သီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးဆန်ကာတင် ဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့တဲ့ မယ်လိုဒီခေါင်က ထူးအိမ်သင်ရဲ့ နာမည်ကြီး တေးသီချင်းတပုဒ်ဖြစ်တဲ့ ဂျပ်ဆင်ထိပ်ကလရိပ်ပြာ သီချင်းကို ဒီဗွီဘီရဲ့ စတီဒီယိုထဲမှာ ပရိတ်သတ်တွေအတွက် သီဆိုပြခဲ့ပါတယ်။

Coach ရန်ရန်ချန်းရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့  မယ်လိုဒီခေါင်ဟာ The Voice Myanmar Season 2 ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို  နိုဗန်ထူး၊ ဟေဇယ်လ်၊ ပေါလ်အော်စတင်တို့နဲ့ အတူ တက်ရောက်နိုင်ခဲ့ပြီး ဖိုင်နယ်ပြိုင်ပွဲမှာလည်း ဂျပ်ဆင်ထိပ်ကလရိပ်ပြာသီချင်းနဲ့ သီဆိုယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီသီချင်းသီဆိုခဲ့တာနဲ့ ပတ်သက်ပြီး မယ်လိုဒီခေါင်က “အရိုးသားဆုံးနဲ့ ပေါ့ပေါ့ပါးပါးလေးချပြလိုက်တာ၊ ကိုရန်ရန်ချန်းနဲ့ နှစ်ယောက်ပေါင်းပြီးတော့လေ။ ဒီသီချင်းက အရမ်းနာမည်ကြီးတာ တကယ်ခံစားတတ်တဲ့လူတွေရဲ့ရင်ထဲကိုကျတော့ ဒီသီချင်းလေးက ရောက်ပြီး ထိသွားမယ်လို့ အဲလိုပဲတွေးထားတယ်။ တာဝန်ကြီးတယ်လို့တော့ ခံစားခဲ့ရတယ်။ တေးရေးတေးဆို ထူးအိမ်သင်ဆိုတော့လေ။ ”လို့ ဒီဗွီဘီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

အသက် ၂၀ နှစ်အရွယ် ရ၀မ်တိုင်းရင်းသူတဦးဖြစ်တဲ့  မယ်လိုဒီခေါင်ဟာ ပြိုင်ပွဲအစ Blind Audition မှာ အဆိုတော် ၀ိုင်းလေးရဲ့ GoodBye သီချင်းနဲ့ သီဆိုခဲ့ပြီး Coach နီနီခင်ဇော်ရဲ့ အဖွဲ့ထဲကို ရောက်ရှိ လာခဲ့တာပါ။

Battle Round မှာတော့ သူ့ရဲ့ အဖွဲ့ထဲက ပြိုင်ဘက် Hazel နဲ့အတူ အဆိုတော် တင်ဇာမော်ရဲ့ သိပ်ချစ်ရင်ခါးမယ် သီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင်ခဲ့ကြပြီး နီနီခင်ဇော်က Hazel ကို ရွေးချယ်ခဲ့ချိန်မှာ Coach နောက်တဦးဖြစ်တဲ့ အဆိုတော် ရန်ရန်ချန်းရဲ့ Steal လုပ်ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

နောက်တဆင့်ဖြစ်တဲ့ KnockOut Round မှာတော့ မယ်လိုဒီခေါင်ဟာ အဆိုတော် Rihanna ရဲ့ Where Have You Been သီချင်းနဲ့ အဆိုပညာစွမ်းပြနိုင်ခဲ့ပြီး တဆင့် တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။

Live Show အဆင့်ပြိုင်ပွဲမှာတော့ Shine ရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ The Old You သီချင်းကို ပီယာနိုတီးခတ်မှုနဲ့အတူ တွဲဖက်သီဆိုဟန်ဟာ ဒိုင်တွေကိုရော ပရိသတ် တွေကိုပါ ဖမ်းစားနိုင်ခဲ့ပြီး  ပရိသတ်ပေးတဲ့ မဲအများဆုံးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက် ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ  အဆိုတော်ဖြိုးပြည့်စုံရဲ့ သီချင်းတပုဒ် ဖြစ်တဲ့ ခိုလှုံရာအမည်ရတဲ့ သီချင်းနဲ့ လှလှပပသီဆိုဖျော်ဖြေခဲ့ပြီး ပြိုင်ဘက် Solomon King ကို ဖြတ်ကျော်ကာ နောက်ဆုံး ဖိုင်နယ်ထိ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖိုင်နယ်ပြိုင်ပွဲမှာတော့ မယ်လိုဒီခေါင်က နာမည်ကြီး တေးသံရှင် ထူးအိမ်သင်ရဲ့ သီချင်းတပုဒ်ဖြစ်တဲ့ ဂျပ်ဆင်ထိပ်က လရိပ်ပြာသီချင်းနဲ့ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့ပေမယ့် Winner ဆုကိုတော့ မရရှိခဲ့ပါဘူး။

ပြိုင်ပွဲရဲ့ နောက်ဆုံး ဖျော်ဖြေမှုတွေထဲမှာ Coach တွေနဲ့ ပြိုင်ပွဲဝင်တယောက်ချင်းစီ အတူတွဲသီဆိုရာမှာလည်း မယ်လိုဒီခေါင်က ရန်ရန်ချန်းနဲ့အတူ ရက်ပ်သီချင်းသီဆိုခဲ့တာဟာ ပရိသတ်တွေကိုရော Coach တွေကိုပါ အံ့အားသင့်စေခဲ့ပါ တယ်။

မယ်လိုဒီခေါင်ဟာ The X Factor Myanmar Season 2 သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ သူတဦး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013