DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 27, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၈၃၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၅၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ ၉၂၉

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ ၉၂၉ က ၅၄ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၂၀၀၀ ကနေ ၈၂၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၈၃၁၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က တအိတ်ကို ၅၄၀၀၀ ကနေ ၅၆၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၁၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၄၀၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲနီပြား

မန္တလေးကုန်စည်ဒိုင်မှာ ပဲနီပြားက ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၆၅၀၀၀ ကနေ ၈၀၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၀၇၇၅ ကျပ်ကနေ ၇၇၃၅၀ အထိ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂၆၅၀ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းညို

မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၅၂၀၀၀ ကနေ ၁၅၅၀၀၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၃၀၀၀ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ နှမ်းညိုအသစ်က တအိတ်ကို ၁၄၇၃၇၅ ကျပ် ပေါက်ဈေးရှိပြီး ၅၆၂၅ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၇၆၂၅ ကျပ် ဈေးကွာခြားပါတယ်။

ကြက်သွန်နီ

ပခုက္ကူကုန်စည်ဒိုင်မှာ ကြက်သွန်နီက တပိဿာကို ၅၅၀ ကနေ ၇၅၀ အထိ ပေါက်ဈေးရှိပြီး တအိတ်ကို ၇၅ ကျပ် ဈေးကျသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၆၅၀ ကနေ ၈၀၀ အထိ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ ပခုက္ကူနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၅၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013