DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် အ​ထောက်​ထားမဲ့ ဘဂါင်္လီ ၇ ဦးနှင့် လိုက်​ပို့သူ ၁ ​ဦး ဖမ်းမိ
DVB
·
June 27, 2019
မင်းလှတွင် အ​ထောက်​ထားမဲ့ ဘဂါင်္လီ ၇ ဦးနှင့် လိုက်​ပို့သူ ၁ ​ဦး ဖမ်းမိ
Donate to DVB

မ​ကွေးတိုင်း​၊ မင်းလှမြို့နယ်​မှာ ဇွန်​ ၂၆ ရက်​​နေ့ မနက်​ပိုင်းက အ​ထောက်​ထားမဲ့ ဘဂါင်္လီ ၇ ဦးနဲ့ အခ​ကြေး​ငွေယူပြီး လိုက်​ပါပို့​ဆောင်​သူတ​ဦး ဖမ်းဆီးရမိခဲ့တယ်​လို့ ရဲက ပြောပါတယ်။

ရေနံမ နယ်​​မြေရဲစခန်းမှူး ရဲအုပ်​​အောင်​မင်းဦးက အ​ထောက်​ထားမယ့်​ ဘဂါင်္လီလူမျိုး​တွေ ဝင်​​ရောက်​​နေတယ်​လို့ သတင်းရတဲ့အတွက်​ နယ်​​မြေအတွင်း အဖွဲ့ခွဲ့ပြီး ရှာ​ဖွေကြရာမှ ဖမ်းဆီးမိခဲ့တယ်လို့ ပြောပါတယ်။

“ဆင်​ရင်​​ကျေးရွာနဲ့ ​ကျောင်းကုန်း​ကျေးရွာကြားက လျှို​မြောင်​အတွင်းမှာ မသင်္ကာဖွယ်​လူစိမ်း​တွေ ​တွေ့ရှိတယ်​လို့ ဆင်​ရင်​​ကျေးရွာရဲ့ ရွာခွဲတာဝန်​ခံက သတင်းပို့လို့ သွား​ရောက်​ပြီး ​တောနင်းရှာ​ဖွေခဲ့ကြတာပါ။ ဆင်​​တောင်​​ချောင်း ပတ်​ဝန်းကျင်​ ​တောတွင်​တနေရာမှာ တရားမဝင်​ ဝင်​​ရောက်​လာတဲ့ ဘဂါင်္လီလူမျိုး ၇ ဦးနဲ့ မင်းတုန်းမြို့နယ်​ ငကုန်း​ကျေးရွာက လမ်းပြလိုက်​ပါ ပို့​ဆောင်​သူတ​ဦး ဖမ်းဆီရမိခဲ့တာပါ” လို့ ဒီဗွီဘီကို​ပြောပါတယ်​။

ဖမ်းဆီးရမိတဲ့ ဘင်္ဂါလီလူမျိုး​တွေဟာ အမျိုးသား​တွေဖြစ်​ပြီး ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့နယ်​က​နေ ရန်​ကုန်​မြို့ကို သွား​ရောက်​အလုပ်​လုပ်​မယ်​လို့ သိရပါတယ်​။

အထက်​မင်​လှမြို့နယ်​နဲ့ ငဖဲမြို့နယ်​တို့မှာ ​တောလမ်းအတိုင်း အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး​တွေ ဝင်​​ရောက်​​လေ့ရှိပြီး မကြာခဏ ဖမ်းဆီးအ​ရေးယူတာတွေ ပြုလုပ်​​နေတာပါ။

အဆိုပါ အ​ထောက်​ထားမဲ့ ဘင်္ဂါလီလူမျိုး ၇ ဦးကို မင်းလှမြို့နယ်​ လဝကမှာ မှတ်​ပုံတင်​ အက်​ဥပ​ဒေနဲ့ အ​ရေးယူထားပြီး မင်​တုန်းမြို့နယ်​ ငကုန်း​ကျေးရွာ​နေ စိုးမိုးဦး ခ ဆန်းဦးကို အခ​ကြေး​ငွေယူပြီး လမ်းပြအဖြစ် ​လိုက်​ပါပို့​ဆောင်​တဲ့အတွက်​ ရာဇသတ်​ကြီး ပုဒ်မ ၃၆၇ နဲ့အမှုဖွင့်​ အ​ရေးယူထားတယ်​လို့ သိရပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013