DVB Logo
Home
မြန်မာသတင်း
ဝန်ကြီးဌာနသစ်တိုးချဲ့ရေးကိစ္စ  ရခိုင်လွှတ်တော်ပယ်ချ 
DVB
·
June 27, 2019
ဝန်ကြီးဌာနသစ်တိုးချဲ့ရေးကိစ္စ  ရခိုင်လွှတ်တော်ပယ်ချ 
Donate to DVB

နိုင်ငံတော်သမ္မတကပေးပို့ထားတဲ့ ဝန်ကြီးဌာနသစ်တိုးချဲ့ရေးကိစ္စ ကို ရခိုင်ပြည်နယ်လွှတ်တော်က အတည်မပြုဘဲ  မဲခွဲဆုံးဖြတ် ပယ်ချလိုက်ပါတယ်။

ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ ၁၄ ခုစလုံးမှာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနသစ်တိုးချဲ့ဖွဲ့စည်းနိုင်ရေး နိုင်ငံတော်သမ္မတဦးဝင်းမြင့်က သက်ဆိုင်ရာ လွှတ်တော်အသီးသီးမှာ အဆိုပြုထားတဲ့ ကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်မှာ ပယ်ချခံခဲ့ရတာပါ။

ဇွန်လ ၂၆ ရက်က ကျင်းပတဲ့ ရခိုင်ြ့ပည်နယ် လွှတ်တော်အစည်းအဝေးမှာ ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုရယူရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကလွဲပြီး ရခိုင်ပါတီနဲ့ ကျန်တဲ့ တခြားပါတီကိုယ်စားလှယ်တွေအကုန် လုံးက ကန့်ကွက်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်မှာ တခြားပြည်နယ်တွေ ထက်ထူးခြားတဲ့ ဘင်္ဂါလီပြဿနာရှိနေတဲ့အတွက် ဒီဝန်ကြီးဌာနသာ ထပ်တိုးလာရင် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာသာသနာ ရေရှည်တည်တံ့ခိုင်မြဲရေးကို ထိခိုက်လာနိုင်မလားဆိုတာကိုစိုးရိမ်တာကြောင့် အခုလို ကန့်ကွက်ရ တာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဘူးသီးတောင် (၁) မဲဆန္ဒနယ်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ  ရသေ့တောင် (၁) မဲဆန္ဒနယ်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကတော့ “အဲဒီဝန်ကြီးဌာနဟာ အခုလက်ရှိမှာလည်းရှိနေပြီးသားဖြစ်သလို ဝန်ကြီးဌာနတခုတိုးလာတိုင်း နိုင်ငံတော်ဘတ်ဂျက်ကို ထိခိုက်တာကြောင့် မလိုအပ်ဘူးထင်လို့ ကန့်ကွက်တာ”လို့ ပြောပါတယ်။

ထပ်တိုးချမယ့် အဲဒီဝန်ကြီးဌာန မလိုအပ်ဘူးဆိုတာ ထင်ကြေးပေးနေကြတာသာဖြစ်ပြီး ဒီဝန်ကြီးဌာနက လုပ်တဲ့စွမ်းရည်ကို ကြည့်ပြီးမှ ဆုံးဖြတ်ရမှာဖြစ်သလို မလုပ်ခင်မှာ တားမြစ်တာမျိုး မလုပ်သင့်ဘူးလို့   တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးမြင့်သူက ပြောပါတယ်။

အဲဒီဝန်ကြီးဌာနသစ်ဖွဲ့စည်းနိုင်ရေးအဆိုကို သမ္မတက ဦးဝင်းမြင့်က ဇွန်လ ၁၉ ရက်နေ့မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေ အကုန်လုံးကို ပေးပို့ခဲ့တာပါ။

ဒီအဆိုနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူရာမှာ ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်မဲ ၂၂ မဲရှိခဲ့တာဖြစ်ပြီး ကန့်ကွက်မဲများနေတာကြောင့် အဲဒီအဆိုရှုံးနိမ့်ကြောင်း လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။

တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာတော့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသစ်တိုးချဲ့ဖွဲ့စည်းတာကို သက်ဆိုင်ရာ လွှတ်တော်တွေက အတည်ပြုပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013