DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်၊ ကော့ဘိန်းကျေးရွာလေးမှ Food Box မဟုတ်တဲ့ ချစ်စဖွယ် Book Box ကလေး တွေ(ဓာတ်ပုံ)
DVB
·
June 27, 2019
ကရင်ပြည်နယ်၊ ကော့ဘိန်းကျေးရွာလေးမှ Food Box မဟုတ်တဲ့ ချစ်စဖွယ် Book Box ကလေး တွေ(ဓာတ်ပုံ)
1 / 11
Donate to DVB

လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရန်ကုန်မြို့က Food Box တွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေချိန်မှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကော့ဘိန်း ကျေးရွာကလေးမှာတော့ စာအုပ်သေတ္တာ(Book Box)တွေကို ရပ်ရွာအကျိုးသယ်ပိုးသူတစုက လုပ်ဆောင်နေကြပါတယ်။

ဒီ Book Box တွေ ပီပီပြင်ပြင်ဖြစ်ပေါ်လာစေဖို့ တတပ်တအားပါဝင်ခဲ့တဲ့ သူတွေထဲက တယောက်ဖြစ်တဲ့ Blogger Non Htaw Mon ကတော့ B _ Book အမည်နဲ့ ဖေ့စ် ဘွတ်ခ်စာ မျက်မှာပေါ်မှတဆင့် ခုလိုရေးသားဖော်ပြထားခဲ့တာပါ။

“ကျမတို့ရွာက #BookBox ပါရှင့်… သူတို့လည်း Food Box လုပ်နေတဲ့အချိန်မှာ ကျမတို့ လည်း ကျမတို့ရွာအတွက် #BookBox လုပ်ပေးပါတယ်။(ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ)။ Read For Change ဆိုတဲ့ခေါင်းစဉ်နဲ့ Campaign လေးတခုကို ညနေ ၅နာရီ၊ ရွာရဲ့အချက်အချာကျတဲ့နေရာမှာလုပ်ခဲ့ပါတယ်”

သစ်သားအိမ်ကလေးတလုံးပုံစံ စာအုပ်တွေ ထည့်သွင်းထားရှိနိုင်တဲ့ ချစ်စရာ Book Box က လေးတွေဟာ လက်ရှိမှာတော့ ကော့ဘိန်းရွာကလေးမှာ ၂ လုံးရှိနေပြီ ဖြစ်ကာ တလုံးမှာ စာအုပ် ၂၅ အုပ်ထိ ဆံ့ပြီး စိတ်ဓာတ်ခွန်အားဖြည့်စာအုပ်၊ အတွေးအခေါ်နဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ထည့် သွင်းထားရှိတယ်လို့ ဆိုပါတယ်။

ဒီ Book Box ကလေးတွေ ထားရှိရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ခုလိုဖော်ပြထား ခဲ့တာဖြစ်ပါတယ်။

#BookBox ထားရခြင်းရဲ့ရည်ရွယ်ချက်က

✔လူငယ်တွေကို စာဖတ်နှုန်းမြှင့်တင်ချင်လို့

✔မည့်သူမဆို လမ်းသွားလမ်းလာရင်းနဲ့ ဖတ်လို့ရအောင်

✔စာကြည့်တိုက်သွားစရာမလိုဘဲနဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရအောင်

✔ကလေးတွေကို စာဖတ်ပါလို့ mind set တစ်ခုရသွားအောင် အစရှိသဖြင့်ပေါ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013