DVB Logo
Home
မြန်မာသတင်း
ရဲအချုပ်တွင် ညှဉ်းပန်းနှိပ်စက်ခံရမှုများကို ဖြေရှင်းပေးရန် အစိုးရကို တောင်းဆို  
DVB
·
June 26, 2019
ရဲအချုပ်တွင် ညှဉ်းပန်းနှိပ်စက်ခံရမှုများကို ဖြေရှင်းပေးရန် အစိုးရကို တောင်းဆို  
Donate to DVB

၂၀၁၈ ခုနှစ်အတွင်း ရဲအချုပ်မှာ အကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရမှု ၂၈မှုရှိခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောကြားလိုက်ပါတယ်။ 

၂၀၁၈ ခုနှစ်အတွင်း ရဲအချုပ်မှာ အကျဉ်းသားညှဉ်းပန်းနှိပ်စက်ခံမှု အများအပြားရှိခဲ့ပြီး အသက်သေဆုံးတဲ့ အထိ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေရှိခဲ့တယ်လို့ဆိုပါတယ်။

AAPP ရဲ့ နောက်ဆုံး မှတ်တမ်းပြုစုချက်တွေအရ  အကျဉ်းသားဦးရေ ၃၅၀၀ စာရင်းမှာ ၇၂ ရာခိုင်နှုန်းဟာ ကိုယ်ထိလက်ရောက် ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီထဲက ၇၅ ရာခိုင်နှုန်း ကတော့ စိတ်ပိုင်းဆိုင်ရာပါ ညှဉ်းပန်းနှိပ်စက်မှုခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

တိုင်းရင်းသားဒေသတွေမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်က ဒေသခံတချို့ကို ဖမ်းဆီးတာ နှိပ်စက်ညှဉ်းပန်းတာတွေ ရှိခဲ့တယ်လို့ AAPP က ဇွန်လ ၂၆ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများ ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားမှာပြောပါတယ်။

  မြန်မာနိုင်ငံမှာ ၁၉၆၂ နှောင်းပိုင်းကာလနဲ့ ၁၉၈၈ နှောင်းပိုင်းကာလတွေမှာ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုဖြစ်စဉ်တွေ အများအပြားဖြစ်ပွားခဲ့တာပါ။

လက်ရှိအချိန်အထိလည်း ရဲအချုပ်၊ တပ်မတော်စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ နှိပ်စက်ညှဉ်းပန်းတာတွေ ရှိနေတုန်းပဲလို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

ဖြစ်ပြီးခဲ့တဲ့ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ပြန်အဖတ်ဆယ်ဖို့အစိုးရမှာ တာဝန်အပြည့်အဝရှိတယ်လို့လည်း လူ့အခွင့်အရေးဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းတွေကလည်း ဆိုပါတယ်။ 

ပြစ်မှုကျူးလွန်တဲ့သူတွေကို အစိုးရက အရေးယူဖို့နဲ့ ညှဉ်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး ကုလသမဂ္ဂစာချုပ် UNCAT မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဇွန်လ ၂၆ရက်နေ့မှာ အစိုးရကို တိုက်တွန်းပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013