DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးရမိသည့်မူးယစ်​​ဆေးဝါးများကို UWSA  ‘၀’တပ်ဖွဲ့ မီးရှို့ဖျက်​ဆီး
DVB
·
June 26, 2019
ဖမ်းဆီးရမိသည့်မူးယစ်​​ဆေးဝါးများကို UWSA  ‘၀’တပ်ဖွဲ့ မီးရှို့ဖျက်​ဆီး
1 / 8
Donate to DVB

အပြည်​ပြည်​ဆိုင်​ရာ မူးယစ်​​ဆေးဝါး အလွဲသုံးမှုနဲ့ တရားမဝင်​​ရောင်းဝယ်​​ရေး​နေ့ အထိမ်းအမှတ်​အဖြစ်​ ပြီးခဲ့တဲ့ ၂ ​နှစ်​အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်​​ဆေးဝါးတွေကို UWSA  ‘၀’တပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ 

‘၀’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်​မဟာ(၇၇၅) အ​ခြေစိုက်​​ ဟွေ​အောဌာနချုပ်​မှာ  ဒီနေ့ မနက်က မူးယစ်ဆေးဝါးတွေကို အခမ်းအနားနဲ့ မီးရှို့ ဖျက်​ဆီးခဲ့တာ ဖြစ်ပါတယ်​။

‘၀’ဒေသ မူးယစ်​တိုက်​ဖျက်​​ရေး အထူးတပ်​ဖွဲ့မှူး ဦးရန်​​ကော်​ကျုန်းက ​”ဒေသတွင်း​နေ တပ်​ဖွဲ့ဝင်​တွေနဲ့ အရပ်​သားပြည်​သူတွေကို မူးယစ်​​ဆေးဝါးသုံးစွဲ​ရောင်းဝယ်​မှုမရှိ​စေရန် ​အဓိကထား လုပ်​​ဆောင်​​နေပြီး အစိုးရအုပ်​ချုပ်​မှုလက်​​အောက်​ရှိ ​ဒေသတွေကိုမူ လုပ်​​ဆောင်​နိုင်​ခြင်းမရှိပါဘူး။ အစိုးရနဲ့ဥပ​ဒေမတူ​ပေမယ့် မိမိတို့ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​နေသလို အစိုးရအုပ်​ချုပ်​မှု နယ်​​မြေအတွင်းက​နေ မူးယစ်​​ဆေးဝါးမှု ကျူးလွန်​သူ​တွေကိုလည်း ဖမ်းဆီးရမိပစ္စည်းတွေနဲ့အတူ ဥပ​ဒေအရအ​ရေးယူနိုင်​ဖို့ အစိုးရတာဝန်​ရှိသူ​တွေထံ အပ်​နှံ​ ဆောင်​ရွက်​ခဲ့ပါတယ်​။ အခုဖျက်​ဆီးတာ​ တွေက​တော့ ကျနော်​တို့အုပ်​ချုပ်​မှု ဒေသအတွင်းက ဖမ်းဆီးရမိတာ​တွေဖြစ်​ပါတယ်​" လို့ပြော ပါတယ်​။

တောင်​ပိုင်းစစ်​​ဒေသ (၁၇၁)နယ်​​မြေထဲမှာ ပြီးခဲ့တဲ့  ၂ ​နှစ်​အတွင်း မူးယစ်​​ဆေး​ရောင်းဝယ်​သူ ကျား ၁၄ ဦးနဲ့ မ ၂ ဦး၊ သုံးစွဲသူ ကျား ၃၄၀ ဦးနဲ့ မ ၂၇ ဦးရှိခဲ့ပြီး စိတ်​ကြွ်​​ဆေးပြား ၁၆၉၅၂၇ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၉၉၄ ကီလိုဂရမ်​၊ အိုက်စ် ပုံ​ဆောင်​ခဲ ၂ ဒသမ ၁ ကီလိုဂရမ်၊ ဘိန်းမဲ ၁၆ ဒသမ ၇ ကီလိုဂရမ်၊ ​ခေါင်းခါ​ဆေး ၁၁ ဘူး၊ဖမ်းဆီးမိခဲ့ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးတွေနဲ့ ဆက်နွှယ်ပြီး ကားငယ် ၃ စီး၊ ဆိုင်​ကယ်​ ၁၃ စီး၊ စကား​ပြောစက်​ ၃ လုံး၊ လက်​ကိုင်​ဖုန်း ၁၄ လုံး၊ ထိုင်းဘတ်​​ငွေ ၄၈၄၃၄ ဘတ်​နဲ့ မြန်​မာကျပ်​​ငွေ ၆၃၃၀၀ ကျပ်​၊ ပွိုင့် ၂၂​ သေနတ် ၂ လက်​နဲ့ ကျည်​ ၆ ​တောင့်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူ​​တွေ​ကို​တော့ UWSA ဥပ​ဒေအရ အ​ရေးယူထားတယ်လို့ သိရှိရပြီး မူးယစ်​​ဆေးဝါး​တွေကို​တော့ စစ်​​ဒေသမှူး ဦးအိုက်​​လောင်း ကိုယ်​တိုင်​တက်​​ရောက်​လာပြီး ဖျက်​ဆီးခဲ့ ပါတယ်​။

စစ်​​ဒေသ(၁၇၁)အ​နေနဲ့ တပ်​မ​တော်နဲ့လက်​တွဲကာ အမ်​တီ​အေတပ်​ဖွဲ့တွေကို တိုက်​ခိုက်​ခဲ့ဖူးပြီး မိုင်းဆတ်​ခရိုင်​အတွင်း ၁၉၉၆ ခုနှစ်​က စကာအ​ခြေချပြီး မူးယစ်​​ဆေးဝါး တိုက်​ဖျက်​​ရေးကို ​ဆောင်​ရွက်​ခဲ့တာဖြစ်​တယ်​။

UWSA အ​နေနဲ့ အစိုးရရဲ့ မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး လုပ်​ငန်းစဉ်​တွေကိုလည်း အားရ​ကျေနပ်​ပြီး ပူး​ပေါင်း​ဆောင်​ရွက်​သွားဖို့ အစီအစဉ်​ရှိ​နေ​တယ်လို့လည်း သိရပါတယ်​။

သတင်း- အောင်​​ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013