DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 26, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၂၄၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း မတ်ပဲ (သစ်) တအိတ်ကို ၈၀၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲကြီး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၂၅၀၀ ကနေ ၁၀၂၇၀၀ အထိ ပေါက်ဈေးရှိပြီး ၁၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၇၀၀၀၀ ကနေ ၉၈၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၄၇၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဘိုကိတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲက ၆၀ ပိဿာဝင် တအိတ်ကို ၅၄၉၀၀ ကနေ ၅၈၂၀၀ အထိ ပေါက်ဈေးရှိပြီး ၁၈၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ဘိုကိတ်ပဲ တအိတ်ကို ၉၉၀၀၀ ကနေ ၁၁၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၅၆၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

စားတော်ပဲလုံး

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စားတော်ပဲလုံးက ၅၉ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၄၀၀၀ ကနေ ၇၅၂၀၀ အထိ ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ စားတော်ပဲလုံး တအိတ်ကို ၇၆၅၀၀ ကနေ ၉၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁၆၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

မန္တလေးကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (သစ်) က ပိဿာ ၆၀ ဝင် တအိတ်ကို ၁၀၁၀၀၀ ကနေ ၁၀၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) တအိတ်ကို   ၈၈၂၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁၃၈၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဂေါ်ဖီထုပ်

သီရိမင်္ဂလာဈေး ကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၈၀၀ ကနေ ၁၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ အောင်ပန်းကုန်စည်ဒိုင်မှာ ဂေါ်ဖီတထုပ်ကို ၁၆၀၀ ပေါက်ဈေးရှိပြီး ၁၀၀ ကျပ် ဈေးကျသွားပါတယ်။ သီရိမင်္ဂလာဈေးနဲ့ အောင်ပန်းကုန်စည်ဒိုင် ၆၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။   

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013