DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင်း မြေယာသိမ်းမှုပြဿနာ ဒေသခံတောင်သူများ ရှင်းလင်း
DVB
·
June 26, 2019
ကယားပြည်နယ်တွင်း မြေယာသိမ်းမှုပြဿနာ ဒေသခံတောင်သူများ ရှင်းလင်း
Donate to DVB

ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မြေယာသိမ်းဆည်းမှုပြဿနာနဲ့ မြေလွတ်မြေရိုင်း ပြဿနာတွေနဲ့ ပတ်သက်လို့  စိန်ခေါ်မှု အခက်အခဲတွေကို ဒေသခံတောင်သူတွေက ဒီမနက် လွိုင်ကော်မြို့ရှိ ကရင်နီပြည် တောင်သူလယ်မားသမဂ္ဂရုံးမှာ မီဒီယာတွေကို တွေ့ဆုံ ရှင်းလင်းပြောကြားလိုက်ပါတယ်။

လက်ရှိ မြေယာပြဿနာနဲ့ ရင်ဆိုင်နေရတဲ့  လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုရှေကျေးရွာနဲ့ ဖရူဆိုမြို့နယ်က ဒေသခံ တောင်သူတွေက သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲပြဿနာတွေကို ရှင်းလင်းပြောဆိုခဲ့ကြတာပါ။

ကယားပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က  “အခုလောလောဆယ် ဘယ်လောက် အခြေအနေ ဆိုးဝါးလဲဆိုရင် တောင်သူတွေက သူတို့အိမ်ကို ပြန်လာမနေရဲတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ ကိုယ့်ရဲ့အိမ်မှာပြန်လာ မအိပ်ရဲတဲ့အခြေအနေမျိုးဖြစ်တော့ သူတို့မှာ ကြောက်လန့်နေရတယ်၊ ထိတ်လန့်နေရတယ်။ ဥပမာ ၂၁ ရက်ည က ရဲတွေက တောင်သူနှစ်ဦးကို လာဖမ်းသွားတယ်။ ဖမ်းတာက ရိုးရိုးအချိန်မှာဖမ်းတာမဟုတ်ဘူး ညသန်းခေါင် ကျော်အချိန်မှာ လာဖမ်းသွားတယ်။ ဆိုတော့ အခုလောလောဆယ် တောင်သူ ၂ ဦးက အချုပ်ထဲမှာ ရှိနေတယ်။ တရားရင်ဆိုင်နေရတဲ့ အခြေအနေပေါ့။ နောက်တခုက ဒေါဆိုရှေးဖက်မှာလည်း တောင်သူတွေကို စစ်တပ်ကတရားစွဲထားတာ အများကြီးရှိတယ်။ ဒါပေမယ့် တရားရုံးပေါ် မရောက်သေးတာ တခုပဲရှိတယ်။ ”လို့ ပြောပါတယ်။

လက်ရှိမြေယာပြဿနာ ရင်ဆိုင်နေရတဲ့လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာက တောင်သူတဦးကတော့ “ ဒီပြဿနာ စဖြစ်လာတယ်ဆိုကတည်းကိုက ပြောရမယ်ဆိုရင် စစ်တပ် စလာတည်တယ်။ ၁၉၉၁-၉၂ ၀န်းကျင်မှာ တပ်တွေက ခလရ ၂၅၀၊ အမြောက်တပ် ၃၅၆၊ နောက် စစ်အင်ဂျင်နီယာတပ်တွေ အဲဒီ ၃ တပ်လာပြီးမှ ကျနော်တို့ နယ်မြေတွေကို လာသိမ်းတာပေါ့နော်။ အဲဒီသူတို့လာမသိမ်းခင်ကတည်းက ကျနော်တို့ ဒီတောင်ယာ၊ လယ်ယာတွေက ရှိပြီးသား။ လုပ်ကိုင်စားသောက်ထားပြီးသား။ အဲဒါကို သူတို့နောက်မှလာသိမ်းတာပေါ့နော်။ ”

လယ်ယာမြေတွေသိမ်းဆည်းခံရတဲ့ ဖြစ်ပျက်နေဟာတွေကို ရွာသားတွေက သက်ဆိုင်ရာထံ အကြိမ်ကြိမ် စာတွေတင်ခဲ့ပေမယ့် အာဏာပိုင်တွေက ဘာမှအရေးယူ ဖြေရှင်း ဆောင်ရွက်ပေးတာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဒေါဆိုရှေးရွာသား ခူးရီကလည်း “ကျနော်တို့ မြေက ဒီမြေပဲရှိတယ်။ သူတို့ တပ်ပိုင်မြေ အဖြစ်လာပြောနေတဲ့ အခါကျတော့ ကျနော်တို့က အသေခံပြီးတော့ လုပ်နေတဲ့ သဘောမျိုးဖြစ်လာတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့မှ ဒါလေးကို မလုပ်ရဘူးဆိုရင် ကျနော်တို့ ဘာစားမလဲ။ ကျနော်တို့ သားသမီးပညာရေး အကုန်လုံးထိခိုက်မယ်၊ ကျန်းမာရေးတွေ အကုန်လုံးထိခိုက်မယ်။ ဆိုတော့ လုပ်တော့ ဆက်လုပ်နေမှာပဲ။ အခုကျနော်တို့ကို တရားစွဲတယ်။ ဒါပေမယ့်ကျနော်တို့ ရင်ဆိုင်စရာရှိလည်း ရင်ဆိုင်မှာပဲ။”

ဒီကနေ့ ပြုလုပ်တဲ့ မြေသိမ်းခံတောင်သူတွေရဲ့ သတင်းစာရှင်းလင်းပွဲကို တရားဝင် ခွင့်ပြုချက်တင်ပြခြင်းမရှိတဲ့အတွက် အာဏာပိုင်တွေက ခွင့်မပြုကြောင်းနဲ့ အသိအမှတ်မပြုကြောင်း လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ဇွန်လ ၂၅ ရက်စွဲနဲ့ တားမြစ်စာ ထုတ်ထားပါတယ်။ 

သတင်းစာရှင်းလင်းပွဲ ပတ်ပင် တားမြစ်တဲ့စာကို မနေ့ညကမှ ရရှိတာလို့ ကယားပြည်နယ် တောင်သူလယသမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။

“ဒီပွဲကိုလုပ်ဖို့လည်းကျနော်တို့ ခွင့်ပြုချက်မယူဘူး။ ကျနော်တို့ဘာမှမတင်ဘူး။ ဆိုတော့ ကျနော်တို့ခွင့်ပြုချက်တင်လည်း ခင်ဗျားတို့ ဘာပြောမလဲဆိုတဲ့ပုံစံမျိုး တင်ခိုင်းတယ်။ ဒါပေမယ့် အဲလိုမျိုးတင်တာက ကျနော့်ရဲ့ခံယူချက်က ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်တို့ ခံစားချက်ကို၊ ကျနော်တို့ ၀မ်းနည်းတာကို စည်းဝါးအချက်ကျကျညီအောင် သံစဉ်ထည့်ပေးပါဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲဒါကြောင့်ကျနော်တို့မထည့်နိုင်ဘူး။”

 အဆိုပါသတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကအပြင် ပြည်နယ်အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013