ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တွင်မီးရှို့ဖျက်ဆီး (ဓာတ်ပုံ)
DVB
·
June 26, 2019

1 / 7
၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ ပဲခူးနဲ့ တခြားဒေသတွေကနေ ဖမ်းဆီးရမိတဲ့ ဘိန်းစာမှုန့်၊ စိတ်ကြွရူးသွပ်ဆေး၊ ICE၊ ဆေးခြောက်စတဲ့ အမေရိကန်ဒေါ်လာ ၁၀၈ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဇွန်လ ၂၆ ရက် မနက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ်မှာ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အခုနှစ်မှာ မီးရှို့ဖျက်ဆီးလိုက်တဲ့ ပမာဏဟာ အရင်နှစ်ထက် နှစ်သောင်းကျော် ပိုများလာပြီး ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ WY စိတ်ကြွရူးသွပ်ဆေးပြားပမာဏဟာ အရင်နှစ်ထက် ပိုများတယ်လို့ သိရပါတယ်။










