DVB Logo
Home
မြန်မာသတင်း
မလေးရှားနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျပြီး မြန်မာလုပ်သား ၄ ဦးသေဆုံး (ရုပ်သံ) 
DVB
·
June 26, 2019
မလေးရှားနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မြေပြိုကျပြီး မြန်မာလုပ်သား ၄ ဦးသေဆုံး (ရုပ်သံ) 
Donate to DVB

မလေးရှားနိုင်ငံ၊ ပီနန်းကျွန်း ဂျော့ခ်ျတောင်းမြို့အနီး ဘာတူဖရင်းဂီ ပင်လယ်ကမ်းခြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဇွန်လ ၂၅ ရက်ညက မြေပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦးသေဆုံးသွားတယ်လို့ မလေးရှား သည်စတား သတင်းမှာဖော်ပြပါတယ်။

မနေ့ည ၉နာရီ ၂၀ မိနစ်လောက်က   Lost Paradise Resort ဟိုတယ်အနီးမှာ မြေပြိုမှု ဖြစ်ပွားခဲ့တာလို့ မလေးရှား မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ရေနုတ်မြောင်းတူးနေတုန်း မြေပြိုကျခဲ့တာပါ။ အလုပ်သမား ၄ ဦးမြေကြီးထဲမြုပ်သွားတဲ့ နေရာကို အတိအကျကိုသိရဖို့ လုပ်ငန်းခွင်ကို စစ်ဆေးနေပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတုန်းပဲ”

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဖယ်ရှားပစ်ဖို့ ကြိုးစားနေတယ်လို့လည်းအခင်းဖြစ်ရာနေရာကို ရောက်ရှိနေတဲ့ ပီနန် ပြည်နယ်ရဲ့ အလုပ်သမား ကော်မတီ ဥက္ကဋ္ဌ ကလည်းပြောပါတယ်။

မြေပိပြီး သေဆုံးသွားခဲ့တဲ့ အလုပ်သမားတွေရဲ့ အလောင်းတွေကိုတော့ ည ၁၁ နာရီကျောက်လောက်မှာတွေ့ရှိသယ်ထုတ်နိုင်ခဲ့တယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

ပြိုကျသွားတဲ့ ၂ မီတာကျော်ကျော်လောက်ရှိတဲ့ အုတ်နံရံတခုကို တည်ဆောက်ဖို့အတွက် အဆိုပါ မြန်မာ အလုပ်သမား ၄ ဦးကို ပြီးခဲ့တဲ့သီတင်းပတ်က ငှားရမ်းခဲ့တာလို့ ဟိုတယ်ပိုင်ရှင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း ဘူကစ်ကူကတ်စ် လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ မြေပြိုကျခဲ့လို့ နိုင်ငံခြားသား အလုပ်သမား ၉ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကိုးကား- The Star/ Free malaysia Today

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013