DVB Logo
Home
မြန်မာသတင်း
ဖားကန့်ကျောက်တူးသမားတွေရဲ့ဘ၀ပုံရိပ်ကို ရှုစားရမည့် ‘လောဘနွံ’ ရုပ်ရှင် (နမူနာ)
DVB
·
June 26, 2019
ဖားကန့်ကျောက်တူးသမားတွေရဲ့ဘ၀ပုံရိပ်ကို ရှုစားရမည့် ‘လောဘနွံ’ ရုပ်ရှင် (နမူနာ)
Donate to DVB

ဖားကန့် မှော်ထဲက ကျောက်တူးသမားတွေရဲ့ ဘ၀အကြောင်းတွေကို ထူးထူးခြားခြား ရိုက်ကူးပုံဖော်ထားတဲ့ လောဘနွံရုပ်ရှင်ကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ကချင်လူမျိုး အဆိုတော်၊ သရုပ်ဆောင် ဒါရိုက်တာ JZ ဒေါင်လွဏ်း ရဲ့ ဇာတ်လမ်းကို သူကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်ထားပြီး ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ဖားကန့်မှော်ထဲက လောဘသားကောင်တွေ၊ သယံဇာတ ကျိန်စာ သင့်နေတဲ့အဖြစ်အပျက်တွေနဲ့ ကချင်မြေသူငယ်ချင်းတွေကြားထဲက သံယောဇဉ်တွေကို ပုံစံတမျိုးနဲ့ ရိုက်ကူးတင်ဆက်ထားခဲ့တာဖြစ်ပြီး ရေမဆေးကျောက်တူးသမားတွေရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀အခြေအနေတွေကို ထင်ဟပ်နေတာကို ပရိသတ်တွေက ရှုစား ကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ကချင်-မြန်မာသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး JZ ဒေါင်လွဏ်းနဲ့အတူ နာမည်ကြီးသရုပ်ဆောင်မင်းသား လူမင်း၊ ခင်လှိုင်၊ ဘုဏ်းသိုက်၊ အေးမြတ်သူ၊ ဇော်ဒွဲခေါင်၊ NT ဆိုင်းနွယ်၊ P ဂျာဆိုင်းဘူစတဲ့ သရုပ်ဆောင်တွေက ပါဝင် ထားကြတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

JZ ဒေါင်လွဏ်းဟာ ၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု အထူးဆုရရှိ ခဲ့တဲ့ မနောမြေမှ ကျောက်စိမ်းကမ္ဘာ၊ ငြိမ်းချမ်းရေးဟာ လူ့အဖွဲ့အစည်းအတွက် အရေး ကြီးပုံကို ပြသထားတဲ့ တိမ်ပြာသောနေ့စတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပြီး လောဘနွံရုပ်ရှင်ကတော့ သူ့ရဲ့ ဒုတိယမြောက် ရုံတင်မယ့် ရုပ်ရှင်ကားတကားလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013