DVB Logo
Home
မြန်မာသတင်း
ဆေးဝါးလိုအပ်သူများအတွက် အခမဲ့ Medicine Box ပဲခူးဆေးရုံကြီး၌ စတင်ထားရှိ
DVB
·
June 25, 2019
ဆေးဝါးလိုအပ်သူများအတွက် အခမဲ့ Medicine Box ပဲခူးဆေးရုံကြီး၌ စတင်ထားရှိ
1 / 4
Donate to DVB

ဆေးဝါးအကူအညီ လိုအပ်နေသူတွေ အခမဲ့ရယူနိုင်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံး Medicine Box (ဆေးပုံး) တခုကို ပဲခူးမြို့ရှိ  ပြည်သူ့ဆေးရုံကြီးမှာ စတင်ပြုလုပ်ထားရှိပါတယ်။

အခုတလော မန္တလေးနဲ့ ရန်ကုန်အပါအ၀င် မြို့တချို့မှာ Food Box တွေ ပြုလုပ်ပြီး အစားအသောက်တွေ လိုအပ်နေသူတွေအတွက် လှူဒါန်းနေကြသလို ပဲခူးမြို့မှာတော့ Medicine Box တခုကို ပဲခူး ပြည်သူ့ ဆေးရုံကြီးမှာ ဇွန်လ ၂၄ ရက်က စတင် ပြုလုပ်လိုက်တာပါ။

ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က “ဒီ Medicine Box ကို ၂၄ ရက်နေ့ကမှ စပြီး လုပ်တာပါ။ အခုဆိုရင် လှူဒါန်းလိုသူတွေ များလာသလို ပြည်သူတွေကိုလည်း အများကြီး အထောက်အကူပြုနိုင်မှာဖြစ်လို့ ဒီအစီအစဉ်ကို ရေရှည်လုပ်ကိုင်သွားဖို့ ရှိတယ်”လို့  ပြောပါတယ်။

ပဲခူးဆေးရုံကိုလာရောက်သူတဦးဖြစ်တဲ့ ဦးအောင်သန်းထွန်းက “ဒီလို Medicine Box ကို တခြားနေရာမှာတော့ မတွေ့ဖူးပါဘူး။ အခုဒီမှာတွေ့ဖူးတာပါ။ အခုလို လုပ်ပေးတာ အများကြီး အဆင်ပြေတယ်”လို့  ပြောပါတယ်။

“လူနာတိုင်းက မပြေလည်နိုင်ကြပါဘူး။ ခုလို Medicine Box လုပ်ပေးတာ ပဲခူးဆေးရုံ လာတက်သူတွေအတွက် တကယ်ကို အဆင်ပြေပါတယ်။ ဒါကြောင့် နေရာအနှံ့အပြားမှာ လုပ်သင့်တယ်” လို့လည်း ပဲခူးမြို့ခံ ဦးခင်မောင်ရီက ပြောပါတယ်။

Food Box မှာဆိုရင်လှူတဲ့လူက လှူပြီး အစာအစားတွေကို ယူတဲ့လူကလည်း အတိုင်းယူသွားနိုင်ပါတယ်။ Medicine Box မှာတော့ ဆေးလှူတဲ့လူက လာရောက်လှူဒါန်း ပေမယ့် ဒါကို ယူမယ့်သူတွေကတော့ ဆေးဖြစ်တဲ့အတွက် သောက်ချင်တိုင်း ယူသောက်လို့ မရပါဘူးလို့ ဆိုပါတယ်။

ဒါကြောင့် အမှန်တကယ်လိုအပ်လို့ သုံးရမယ့်လူရဲ့ လက်ထဲကို အဲဒီဆေးတွေ စနစ်တကျ ရောက်အောင် ပို့ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

အခုလာဆေးဝါးတွေလာလှူတဲ့အထဲမှာ တချို့အိမ်တွေက သက်တမ်းမကုန်သေးတဲ့ မသုံးတော့တဲ့ ဆေးတွေကို လာလှူတာတွေ ရှိသလို တချို့ကလည်း တကယ်လို အပ်နေတဲ့ ဆေးတွေကို ဝယ်ပြီးလာလှူတာရှိတယ်လို့ သိရပါတယ်။

သတင်း- အောင်စိုးမိုး 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013