DVB Logo
Home
မြန်မာသတင်း
ပြည်နယ် ၃ ခုတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု အများဆုံး ဖြစ်ပွားနေ
DVB
·
June 25, 2019
ပြည်နယ် ၃ ခုတွင် အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု အများဆုံး ဖြစ်ပွားနေ
Donate to DVB

မြန်မာနိုင်ငံတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရတာတွေ အများဆုံး ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ပြောပါတယ်။ 

အဆိုပါပြည်နယ်သုံးခုအပါအ၀င် လက်နက်ကိုင်ပဋိပက္ခဖြစ်ရာဒေသတွေမှာ အဓမ္မ လုပ်အားစေခိုင်းမှုတွေ အများဆုံးဖြစ်ပွားနေတာတွေ့ရတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့ စံနှုန်းတွေနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလုပ်သမားအခွင့်ရေး  ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရမှုတွေဟာ   ပြည်နယ်သုံးခုမှာ အဓိကဖြစ်ပွားနေတဲ့အပြင် စက်ရုံလုပ်ငန်းတွေမှာလည်း  အလုပ်သမားတွေကို လုပ်အားခ မပေးတာ၊ အချိန်ကျော်လွန်ခိုင်းစေတာတွေ အများဆုံးဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ အလုပ်ရှင်၊ အလုပ်သမားနဲ့ ၀န်ကြီးဌာန သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ဖို့နဲ့ မြန်မာလုပ်သားဈေးကွက် စီမံခန့်ခွဲအုပ်ချုပ်မှုအစီအစဉ်ကို ရေးဆွဲနေတယ်လို့ ဇွန် ၁၈ ရက်နေ့က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာ ပြောဆိုခဲ့ပါတယ်။ 

ဝန်ကြီးဌာနနဲ့ လွှတ်တော်အနေနဲ့ တခုထဲသော သုံးပွင့်ဆိုင်ရှိတဲ့ ကုလသမဂ္ဂအဖွဲ့အစည်း ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ကို ရန်သူတွေလိုမမြင်ဘဲ သေချာ လေ့လာဖို့ လိုအပ်တယ်လို့  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင် က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မခိုင်းစေမှု ပပျောက်ရေးဖို့  လုပ်ငန်းစီမံချက် ရေးဆွဲနေပြီး နိုင်ငံအဆင့် တိုင်ကြားမှု ယန္တရားတရပ်ထူထောင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကိုပေးပို့တဲ့ သ၀ဏ်လွှာမှာ ပြောဆို ထားပါတယ်။ 

မြန်မာနိုင်ငံတ၀န်းမှာ အလုပ်သမားရေးရာအဖွဲ့တွေ၊ အခြေခံအလုပ်သမား အဖွဲ့အစည်း တွေနဲ့ အလုပ်ရှင် အဖွဲ့အစည်းတွေအပါအ၀င် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်း စုစုပေါင်း  ၂၉၃၂ ဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013