DVB Logo
Home
မြန်မာသတင်း
မဲဆွယ်ရာတွင် အမတ်လောင်းများ၏ ငွေကြေးသုံးစွဲမှုကို ကြပ်မတ်ပေးရန် SNLD တိုက်တွန်း 
DVB
·
June 25, 2019
မဲဆွယ်ရာတွင် အမတ်လောင်းများ၏ ငွေကြေးသုံးစွဲမှုကို ကြပ်မတ်ပေးရန် SNLD တိုက်တွန်း 
Donate to DVB

၂၀၂၀ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ငွေကြေးသုံးစွဲမှုကို ဥပဒေ အတိုင်းကြပ်မတ်ပေးဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းလိုက်ပါတယ်။ 

ဒီကနေ့ ဇွန်လ ၂၅ရက်နေ့က ရန်ကုန်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ SNLD ပါတီတာဝန်ရှိသူတွေက မီဒီယာတွေကနေ  ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးဟာ မဲဆွယ်ကာလမှာ အများဆုံးငွေကျပ်သိန်း ၁၀၀အထိသာ အသုံးပြုခွင့်ရှိတာပါ။ ဒါပေမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမကျင်းပခင် မဲဆွယ်စည်းရုံးရေးကာလမှာ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှာ ပါဝင်ယှဉ် ပြိုင်ခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်ရဲ့ ငွေကြေးသုံးစွဲမှုစာရင်းမှာ ထိမ်ချန်တာတွေရှိခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ခွဲအဆင့်ဆင့်ကို ရွေးကောက်ပွဲ အနိုင်ရတဲ့ပါတီက ပြန်လည်ဖွဲ့စည်းတဲ့မူဝါဒကိုလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က မလိုလားဘူးလို့ ပြောပါတယ်။ 

ဖြစ်နိုင်ရင် နိုင်ငံတကာပုံစံအတိုင်း ပါတီစွဲကင်းတဲ့ ပညာရှင်တွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ ဖွဲ့စည်းတဲ့ ရွေးကောက်ပွဲ ကော်မရှင်တစ်ရပ်ကို ပုံသေသဘောမျိုး ဖွဲ့စည်းထားတာမျိုးကို လိုချင်တယ်လို့ ဆိုပါတယ်။ 

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်သာမက ရှမ်းတိုင်းရင်းသားအများစု အခြေစိုက်နေထိုင်တဲ့ နေရာတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ပါတီတာဝန်ရှိ သူတွေကပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေးပါတီတို့နဲ့ အားချင်းပြိုင်ဖို့ ခိုင်မာတဲ့ မူဝါဒတွေရှိ ထားတယ်လို့လည်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး  စိုင်းကျော်ညွန့် က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013