DVB Logo
Home
Lead Story
အားပေးကြည့်ရှုသူ သန်းနဲ့ချီရှိနေတဲ့ ‘စိန်ဂေါ်လီမယောက်ျား’ ရုပ်ရှင်နမူနာ (ရုပ်သံ)
DVB
·
June 25, 2019
အားပေးကြည့်ရှုသူ သန်းနဲ့ချီရှိနေတဲ့ ‘စိန်ဂေါ်လီမယောက်ျား’ ရုပ်ရှင်နမူနာ (ရုပ်သံ)
Donate to DVB

မြန်မာအချစ်ဟာသဒရာ မာရုပ်ရှင်ကားတကားဖြစ်တဲ့ စိန်ဂေါ်လီမယောက်ျားရုပ်ရှင်ကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

နတ်ရဲ(ရူပဗေဒ)ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူး ပုံဖော်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အောင်သီရိရုပ်ရှင် ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ ရွာရိုးကိုးပေါက် လျှောက်လိမ့်နေပြီး တလောကလုံးကို ပတ်မွှေနေမယ့် စိန်ဂေါ်လီမနဲ့အတူ ဘယ်လိုသဘာဝကျကျ ဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူး ပုံဖော်ထားမလဲ ဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ၀ါရင့်နာမည်ကြီး သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး နေရာတကာ မှာ ၀င်မွှေတတ်တဲ့ ရွာရဲ့အထင်ကရ စိန်ဂေါ်လီမအဖြစ် ခိုင်သင်းကြည်၊ သူနဲ့ ဆိုးတူကောင်းဘက် လေးခွတလက်နဲ့ လျှောက်မွှေနေတဲ့ သံဂေါ်လီမအဖြစ် တက္ကသိုလ် ဂွမ်းပုံ၊ တယောက်နဲ့ တယောက် စီးပွားရေးအားပြိုင်တဲ့နေရာမှာ အပြိုင်အဆိုင် ဆေးထိုးကြသူတွေအဖြစ် ကျော်ရဲအောင်နဲ့ စိုးမြတ်သူဇာ၊ စိန်ဂေါ်လီ၊ သံဂေါ်လီ ၂ ယောက်ကို အပြိုင်ပိုးပန်းပြီး မွှေသမျှခံကြရသူတွေအဖြစ် ပြေတီဦး နဲ့ ခင်လှိုင်တို့က သရုပ်ဆောင် ထားခဲ့ကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာ Gold Class ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ စိန်ဂေါ်လီမယောက်ျားရုပ်ရှင် Trailer ဟာ ဖေ့စ်ဘွတ်ခ် ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းကျော် ရှိနေခဲ့တာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013