DVB Logo
Home
မြန်မာသတင်း
မောင်​​တောမြို့နယ်တွင် ​တောင်​သူ ၁ ​ဦး ​တောဆင်ရိုင်းနင်းသတ်​၍ ​သေဆုံး
DVB
·
June 25, 2019
မောင်​​တောမြို့နယ်တွင် ​တောင်​သူ ၁ ​ဦး ​တောဆင်ရိုင်းနင်းသတ်​၍ ​သေဆုံး
1 / 4
Donate to DVB

ရခိုင်ပြည်နယ်၊​ ​မောင်​​တောမြို့နယ်၊ ကံသာယာ​ကျေးရွာမှာ ဇွန်​လ ၂၄ ရက်​​ ည​နေ ၆ နာရီကျော်​လောက်က ​တောင်​သူတဦး ​တောဆင်ရိုင်းနင်းလို့ ​သေဆုံးသွားခဲ့​တယ်လို့ ကံသာယာ အထက်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဘထွန်း​အောင်​ က ပြောပါတယ်။

"သူတို့က ယာခင်းလုပ်​​နေကြသူပါ။ ည​နေ ၆ နာရီ​ကျော်​​လောက်​မှာ ယာခင်းခြံလုပ်​​နေရာက အိမ်​ပြန်​အလာမှာ ​တောဆင်ရိုင်းနဲ့​တွေ့ပြီး အသတ်​ခံရတာပါ။ အချိန်​မီ ​​မောင်​​တောဆေးရုံကို ပို့​ဆောင်​ခဲ့​ပေမယ့်​ ​ဆေးရုံ​မှာ ​အောက်​ဆီဂျင်​ရှူပြီး ​ဆေးကုသမှုခံယူရင်း ​သေဆုံးခဲ့ရတာပါ" လို့ အုပ်ချုပ်ရေးမှူးက ​ပြောပါတယ်။

သေဆုံးသွားတဲ့ ဦးမောင်ရွှေကျော်ဟာ  အသက် ၄၄ နှစ်အရွယ် လယ်​သမားတဦးဖြစ်ပြီး မြစိမ်း​ရောင်​​​ ချေး​ငွေလုပ်​ငန်းရဲ့ ​ကျေးရွာတာဝန်​ခံတ​ဦးဖြစ်ပါတယ်။ သူကွယ်လွန်ချိန်မှာ သားသမီး ၇ ဦး ကျန်​ခဲ့​ကြောင်း သိရပါတယ်။

ကံသာယာ အထက်​​ကျေးရွာမှ ကို​ကျော်​လှက "ဒီလို​တောဆင်ရိုင်း​တွေက အမြဲလိုလို ရွာ​တွေမှာ စိုက်​စားတဲ့ စိုက်​ခင်း​တွေက သီးနှံတွေကို စားတယ်​၊ ဖျက်​ဆီးတယ်​။ သက်​ဆိုင်​ရာ သစ်​​တောအာဏာပိုင်​အဖွဲ့အစည်း​တွေနဲ့ ဘာတ​ခုမှ ​တောဆင်ရိုင်းအန္တရယ်​ကို မကာကွယ်​​ပေး နိုင်​ကြဘူး အခု​ကျေးရွာသူ/သား​တွေ ထိတ်လန့်​ပြီး ညအချိန်​ အ​လေးအ​ပေါ့သွားဖို့ အိမ်​အောက် ​ဆင်းဖို့​​တောင် ​စိုးရိမ်​​နေကြရပါတယ်​”လို့ ​ ပြောပါတယ်။

၂၀၁၇ ခုနှစ်​ အကြမ်းဖက်​ဖြစ်​စဉ်​တွေအပြီး ​မောင်​​တောမြို့နယ်​အတွင်း ​လူအများအပြား နေရပ်​စွန့်​ခွာပြီး​နောက်​ ​တောရိုင်းတရိစ္ဆာန်တွေ ပေါများလာပြီး လူတွေကို အသက်​အန္တရာယ်​ပါ ​ပေးလာတာဖြစ်ပါတယ်​။

ကံသာယာ အထက်​​ကျေးရွာဟာ အိမ်​​ခြေ ၅၀ ​ကျော်​၊ လူဦး​ရေ ၃၀၀ ​ကျော်​ ​နေထိုင်​တဲ့ တိုင်းရင်းသား​ကျေးရွာဖြစ်​ပါတယ်​။

ကျော်လင်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013