DVB Logo
Home
မြန်မာသတင်း
မြင်းခြံမြို့က အသက်​ ၁၁၁ နှစ်​အရွယ်အဘွားအို ဒေါ်ချစ်ရွှေ
DVB
·
June 25, 2019
မြင်းခြံမြို့က အသက်​ ၁၁၁ နှစ်​အရွယ်အဘွားအို ဒေါ်ချစ်ရွှေ
1 / 5
Donate to DVB

မန္တလေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့ အမှတ်​ (၁၇) ရပ်​ကွက်​၊ အပိုင်း (၃) မှာ​ နေထိုင်​တဲ့ အဘွား ဒေါ်ချစ်​​ရွှေဟာ အသက်​ ၁၁၁ နှစ်​ရှိ​နေပြီး လက်​ရှိမှာ ကျန်းမာ​ရေး​ ကောင်းမွန်​​နေဆဲပဲလို့ မိသားစုဝင်​​တွေထံက သိရပါတယ်​။

မြန်​မာသက္ကရာဇ်​ ၁၂၇၀ ခုနှစ်​မှာ​ မွေးဖွားခဲ့တဲ့ အဘွား ဒေါ်ချစ်​​ရွှေဟာ ပြီးခဲ့တဲ့ရက်​ပိုင်းကမှ အသက်​  ၁၁၀ တင်းတင်းပြည့်ခဲ့ပြီး မြင်းခြံမြို့နယ်မှာ အသက်​အရှည်​ဆုံး အမျိုးသမီးအဖြစ်​ မြင်းခြံမြို့ခရိုင်​ လူမှုဝန်​ထမ်းဦးစီးဌာနရဲ့ စာရင်းဇယား မှတ်​တမ်းအရ သိရပါတယ်​။

ဒေါ်ချစ်​​ရွှေဟာ ငယ်​စဉ်​ကထဲက အမဲသားနဲ့ ဝက်​သားကိုလုံးဝမစားဘဲ အသီးအရွက်​​တွေကိုသာ များများစား​သုံးပြီး ပဲကိုလည်း အလွန်​ကြိုက်​နှစ်​သက်​တယ်​လို့ ဆိုပါတယ်​။

ငယ်​ရွယ်​စဉ်​က​နေ ခုအချိန်​ထိ စား​သောက်​​နေထိုင်​မှုပုံစံက ​​ပြောင်းလဲမှုမရှိဘဲ တ​သတ်​မှတ်​ထဲသာ စား​သောက်​ခဲ့တယ်​လို့  အသက်​ ၆၃ နှစ်​ရှိပြီဖြစ်​တဲ့ သမီး​ဒေါ်ခင်​ညို က ဒီဗွီဘီ ကို​ပြောပါတယ်​။

"အ​မေက ခုချိန်​ထိ ​ဆေးရုံ ​ဆေးခန်းတက်​​ရောက်​ကုသရတာ တခါမှမရှိခဲ့ဘူး၊ အန်​တီတို့ သိတတ်တဲ့အရွယ်​မှာ အ​မေက ခရမ်းချဉ်​သီးငပိချက်​ကို ရှား​စောင်းလက်ပပ် တို့မြှုပ်​ပြီး အမြဲစားတယ်​၊ ခရမ်းချဉ်​သီးနဲ့ ကြက်​သွန်​နီသုတ်​စားတယ်​။ နောက်​ပြီး ပဲအရမ်းကြိုက်​တယ်​၊ ရယ်​ဒီမိတ်​အစားအစာ​တွေကို တ​ခါမှ မစားဘူး။ ဘာသာ​ရေးမှာ​တော့ အ​မေငယ်​စဉ်​ကတည်းက ဘုရားရှိခိုးတယ်​၊ ဘုရားဆွမ်းကပ်​တယ်​ ဥပုသ်သီလ အမြဲမပြတ်​​စောင့်တယ်​” 

မြင်းခြံမြို့နယ်​မှာ အသက်​ ၈၅ နှစ်​အထက်​ အဘိုးအဘွား ၁၀၃၅ ဦးရှိပါတယ်။ ဒေါ်ချစ်​​ရွှေဟာ အသက်​ ၁၁၁ နှစ်ထဲ ​ရောက်​နေတဲ့ အသက်​အရှည်​ဆုံးအမျိုးသမီးတ​ဦးဖြစ်​ပြီး လက်​ရှိမှာ သား/သမီး ၄ ဦးနဲ့ မြေး၊ မြစ်​၊ တီ အ​ယောက်​ ၃၀ တို့နဲ့အတူ ​ကျန်းမာ​စွာ နေထိုင်နေပါတယ်​။

သတင်း - ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013